လူ့အခွင့်အရေး အဆင့်မြင့်သင်တန်း အပတ်စဉ် (၂/၂၆) အတွက် သင်တန်းသားများခေါ်ယူခြင်း

နေ့စွဲ။ ။ မေလ (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။

ပွင့်သစ်ဝေ၊ လူ့အခွင့်အရေးအစီအစဉ်မှ ၂၀၂၆ ခုနှစ် ဇွန်လ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ လူ့အခွင့်အရေးအဆင့်မြင့်သင်တန်း အပတ်စဉ် (၂/၂၀၂၆) အား Zoom Platform ကို အသုံးပြု၍ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါသည်။ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်သင်တန်းဖြစ်သည့်အတွက် Blossom Future-ပ္ငင့်သစ်ဝေ (သို့မဟုတ်) အခြားသော လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုခုမှ ပေးအပ်သော လူ့အခွင့်အရေးအခြေခံသင်တန်း ပြီးမြောက်ထားသူများကိုသာ သင်တန်းသို့ လက်ခံခေါ်ယူသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

ယခုသင်တန်းအပတ်စဉ်သည် သင်တန်းရက်ရှည် (၅) ရက် [မြန်မာစံတော်ချိန် နံနက် ၉ နာရီ – ၁၂ နာရီ] ဖြစ်သည့်အတွက် သင်တန်းအချိန်ဇယားအတိုင်း တက်ရောက်နိုင်မည့်သူများသာ လျှောက်ထားပေးပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။

ဤသင်တန်းအပတ်စဉ် ၂/၂၆ လျှောက်လွှာခေါ်ယူခြင်းအတွက် လူဦးရေကန့်သတ်ထားပါသဖြင့် သတ်မှတ်စံနှုန်းများဖြင့် ရွေးချယ်စိစစ်သွားမည်ဖြစ်ပါသည်။

သင်တန်းသို့ လျှောက်ထားသူများအနက် ရွေးချယ်ခံရသူများကိုသာ သင်တန်းတက်ရောက်ရန် ပြန်လည် ဆက်သွယ်အကြောင်းကြားပါမည့်အကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

လျှောက်လွှာဖောင်ဖြည့်သွင်းရမည့် ပုံစံနှင့် ပတ်သက်၍ မရှင်းလင်းသည်များ၊ ထပ်မံသိရှိလိုသည်များ ရှိပါက Program Coordinator ထံသို့ အောက်ဖော်ပြပါ ဆက်သွယ်ရန်လိပ်စာများမှတဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ဤသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Google Form တွင် Register ပြုလုပ်ခြင်းဖြင့် ပါဝင်တက်ရောက်နိုင်ပါသည်။

လျှောက်လွှာဖောင်လင့်ခ် – https://forms.gle/2hKfvAeRT92KJevUA

လေးစားစွာဖြင့်-

Program Coordinator

Signal: +66808986684

Email: hrd.pc@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!