ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (𝐍𝐂𝐆𝐔𝐁) ဝန်ကြီးချုပ် ဟောင်း ဒေါက်တာစိန်ဝင်း၏ နာရေး နှင့် (၁၈) နှစ်မြောက် ကျဆုံးသွားသော 𝐊.𝐍.𝐔 အထွေထွေ အတွင်းရေးမှူးဟောင်း ဗဒိုမန်းရှာလားဖန်း တို့အတွက် အောက်မေ့သတိရဖွယ် အထိမ်းအမှတ် ကျင်းပခြင်း။

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 ဒေါက်တာစန်းအောင်မှ ဦးစီး၍ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (𝗡𝗖𝗚𝗨𝗕) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ နာရေး နှင့် (၁၈) နှစ်မြောက် ကျဆုံးသွားသော 𝗞.𝗡.𝗨 အထွေထွေ အတွင်းရေးမှူးဟောင်း ဗဒိုမန်းရှာလားဖန်း တို့အတွက် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း နှင့် ကြွရောက်လာသော ဧည့်သည်တော်များမှ တရားနာယူခြင်း အခမ်းအနားအား ထိုင်း-မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများ၏ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အရေး အဆက်ဆက်တွင် အသက်ပေးလှူသွားရသော ရဟန်းရှင်လူ ၊ ခေါင်းဆောင်များ နှင့် ကျောင်းသားပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် “ ၈ “စက္ကန့်ငြိမ်သက်ခြင်း၊ ဒေါက်တာစိန်ဝင်းအတွက် နယူးမြန်မာဖောင်ဒေးရှင်း၏ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 𝗗𝗿. 𝗦𝗮𝗻𝗻 𝗔𝘂𝗻𝗴၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 𝗡𝗟𝗗 မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် (𝗖𝗘𝗖) ဆရာ ဟံသာမြင့်၊ 𝗔𝗕𝗦𝗗𝗙 ဥက္ကဌ ရဲဘော်သံခဲ၊ မယ်တော်ဆေးခန်း ကလေးအထူးကု ဆရာဒေါက်တာသိန်းဝင်း၊ 𝗖𝗵𝗶𝗹𝗱𝗿𝗲𝗻’𝘀 𝗗𝗲𝘃𝗲𝗹𝗼𝗽𝗺𝗲𝗻𝘁 𝗖𝗲𝗻𝘁𝗿𝗲 (𝗖𝗗𝗖) ကျောင်းအုပ်ကြီး ဆရာမန်းရွှေနှင်း၊ 𝗕𝘂𝗿𝗺𝗮 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗶𝗼𝗻 မှ ဒေါက်တာ မြင့်ချို၊ မယ်တော်ဆေးခန်း 𝗙𝗼𝘂𝗻𝗱𝗲𝗿 𝗗𝗿. စင်သီယာမောင်၊ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်း တို့အသီးသီး မှ ဒေါက်တာစိန်ဝင်း နှင့် ဗဒိုမန်းရှာလားဖန်း တို့(၂)ဦး အတွက် အောက်မေ့သတိရ အမှတ်တရ ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များမှ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ (𝗡𝗨𝗚𝗨𝗕) ဝန်ကြီးချုပ်ဟောင်း ဆရာဒေါက်တာစိန်ဝင်း နှင့် 𝗞.𝗡.𝗨 အထွေထွေ အတွင်းရေးမှူးဟောင်း ဗဒိုမန်းရှာလားဖန်း တို့၏ တိုင်းပြည်အပေါ် ထားရှိခဲ့သော စိတ်စေတနာ၊ အနစ်နာခံ လုပ်ဆောင်ခဲ့မှုများအား လေးစားဂုဏ်ပြုသောအားဖြင့် လွမ်းသူ့ပန်းပေးအပ်ခြင်း အစီအစဉ် ပြုလုပ်ခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်ပေးပါသော ဆရာ/ ဆရာမများနှင့် ဧည့်သည်တော်များ အားလုံးအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ တက်ရောက်လာသော ဧည့်သည်တော်များမှလည်း အမှတ်တရ ဆုမွန်ကောင်း တောင်းစာများ ရေးသားခဲ့ကြပါသည်။ အခမ်းအနား အစီအစဉ်နောက်ဆုံးအနေဖြင့် တက်ရောက်ပေးပါသော ဆရာ/ ဆရာမများ နှင့် ဧည့်သည်တော်များအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!