စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသူများအတွက် အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

  • New Myanmar Foundation မှ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် ထိုင်းနိုင်ငံနယ်စပ် ၊ မဲဆောက်သို့ ရှောင်တိမ်းလာရသူများ အတွက် အခြေခံစားနပ်ရိက္ခာ မျှဝေခြင်းအစီအစဉ်အား ၂၀၂၄ ခုနှစ် ၊ မတ်လမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပါသည် ။
  • ယခုအခါ ၂၀၂၄ ခုနှစ် ၊ ဇွန်လ အထိ လူဦးရေ (၅၀၀) ကျော်အား တစ်ဦးလျှင် (၁)လစာ ဘတ်(၂၅၀) နှုန်းဖြင့် အခြေခံစားနပ် ရိက္ခာဝေမျှပေးခဲ့ပြီး ဖြစ်ပါသည်။
  • ယင်းအစီအစဉ်တွင် ပါဝင်လျှောက်ထားလိုသူများ အနေဖြင့် New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာ ရုံးဖုန်း 0659252173 သို့ ရုံးချိန် နံနက် ၉း၃၀နာရီမှ ညနေ ၅း၀၀နာရီ ၊ တနင်္လာ မှ သောကြာ အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ရုံးပိတ်ရက်များသည် စနေ ၊ တနင်္ဂနွေ နှင့် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်နိုင်ပါက Signalတွင် စာပို့မေးမြန်းထားနိုင်ပါသည်။
  • စစ်မှုထမ်းအမိန့်ပြဌာန်းပြီးနောက် မဲဆောက်သို့ရှောင်တိမ်းလာရသူများအတွက်လျှောက်ထား သူများ အနေဖြင့် စတင်လျှောက်သည့် လမှစတင်၍ (၃) လလျှောက်ထားခွင့် ရှိပြီး (၃) လ နောက်ပိုင်းတွင် အလှူရှင်၏ သဘောထားအား ပြန်လည် ကြေညာပေးသွားမည် ဖြစ်ပါသည်။  အပြည့်အဝ မကူညီနိုင်သည့် အပေါ်များစွာ စိတ်မကောင်းလည်း ဖြစ်ရပါ သည်။
  • စစ်မှုထမ်း အမိန့်ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသူများထဲတွင် CDM ပြုလုပ် ထားသူများ ပါဝင်လာသဖြင့် ၎င်း CDM များအနေဖြင့် ယခုသီးခြား အစီအစဉ်တွင်သာ (၃) လ လျှောက်ထားခွင့်ရှိမည် ဖြစ်သည်။

ဆက်သွယ်မေးမြန်းရန်

Hay Mar

Basic Food Program Manager

Phone & Signal +66 659252173 foodprogram.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!