Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အကျဉ်းထောင်ရှိ အမျိုးသမီးများ အတွက် Female Hygiene Kits များ လှူဒါန်းခြင်း

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့တွင် Blossom Future (ပွင့်သစ်ဝေ) နှင့် Church World Service (CWS) တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော မြန်မာနိုင်ငံသားများအပါအဝင် အမျိုးသမီးအကျဉ်းသူ (၁၄၇) ဦး အတွက် လိုအပ်သော တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ (Female Hygiene Kits)ကို မဲဆောက်အကျဉ်းထောင် တာဝန်ရှိ သူများထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းခဲ့သည့်ပစ္စည်းများမှာ လူတစ်ဦးစာလျှင်_

လစဉ်သုံးဂွမ်းကတ် (Sanitary Pads) – ၅၂ ခု (၄ ထုပ် × ၁၃ ခု)

• ရေချိုးဆပ်ပြာ (Shower Soap) – ၄ တုံး (တစ်တုံးလျှင် ၆၀ ဂရမ်)

• အဝတ်လျှော်ဆပ်ပြာမှုန့် (Detergent) – ၁ ထုပ် (၇၅၀ ဂရမ်)

• သွားတိုက်ဆေး (Toothpaste) – ၁ ဗူး (၁၀၀ ဂရမ်) တို့ ပါဝင်ပါသည်။

ယခုလှူဒါန်းမှုသည် အမျိုးသမီးများ၏ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာ ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ အဆိုပါလှူဒါန်းမှုအတွက် မဲဆောက်အကျဉ်းထောင် တာဝန်ရှိသူများမှ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး၊ အကျဉ်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် လက်မှုပညာများ သင်ကြားပေးလျက်ရှိကြောင်းလည်း မျှဝေခဲ့ပါသည်။ ထို့အပြင် အကျဉ်းသားအချို့အတွက် အမြင်အာရုံဆိုင်ရာ အထောက်အကူပစ္စည်းများ လိုအပ်လျက်ရှိကြောင်း သိရှိရသဖြင့် အဆိုပါလိုအပ်ချက်များကို Blossom Future (ပွင့်သစ်ဝေ) မှ တတ်နိုင်သမျှ ဆက်လက်ကူညီပေးသွားမည် ဖြစ်ပါသည်။

လှူဒါန်းမှုအတွက် ပူးပေါင်း ကူညီပေးခဲ့ကြသော အကျဉ်းထောင် တာဝန်ရှိသူများနှင့် ပါဝင်အားဖြည့် ပေးခဲ့ကြ သူများအားလုံးကို Blossom Future (ပွင့်သစ်ဝေ) မှ အထူးကျေးဇူးတင်ရှိပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!