အွန်လိုင်းအင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ်(၇) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

ဖေဖော်ဝါရီလ ၉ ရက်၊ ၂၀၂၄

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၊ စစ်ဘေးရှောင်များ၊ ရွှေ့ပြောင်းလုပ်သားများ အတွက် New Myanmar Foundation မှ ဖွင့်လှစ်ပေးလျက်ရှိသော အွန်လိုင်း အင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ် (၇) ကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁) ရက် (သောကြာနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် အင်္ဂလိပ်ဘာသာစကားပြောကို စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ မေလ (၃၁) ရက်နေ့အထိ သင်တန်းကာလကို (၃) လ သတ်မှတ်ထားရှိပြီး အခြေခံအဆင့် အင်္ဂလိပ်ဘာသာစကားသင်တန်းများကို Foundation Class A နှင့် B ဟူ၍ အတန်းခွဲ နှစ်ခုခွဲကာ သင်တန်းသား/သူ (၅၀) ဦး (အတန်းခွဲတစ်ခုလျှင် ၂၅ ဦးနှုန်း) ဖြင့် လက်ခံသင်ကြားပေးသွားမည် ဖြစ်သည်။

အင်္ဂလိပ်ဘာသာစကားသင်တန်း အပတ်စဉ် (၇) ၏ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်းပလက်ဖောင်း (Online Platform: Zoom Application) အသုံးပြုကာ အင်္ဂလိပ်ဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ သင်တန်းဆရာ (၂) ဦးက သင်ကြားပေးသွားပါမည်။

တက်ရောက်နိုင်သော အတန်းများ –

1. Foundation Class A: Monday, Wednesday, 3:30 – 5 PM

2. Foundation Class B: Tuesday, Wednesday, Thursday, 2:30 – 4 PM

အင်္ဂလိပ်ဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို ဖေဖော်ဝါရီလ (၉) ရက်နေ့ မှ (၁၈) ရက် နေ့အထိ ဖွင့်လှစ်ထားပြီး သင်တန်းလျှောက်ထားလာသူများကို သတ်မှတ်စံနှုန်းများနှင့်အညီ ရွေးချယ်သွားပါမည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Email မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားသူများအနေဖြင့် မိမိတို့၏ Email လိပ်စာများကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက် – သင်တန်းမှ လက်ခံသည့် သင်တန်းသား/သူများကိုသာ အီးမေးလ်ပို့အကြောင်းကြားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ (၂၅) ရက်နေ့အထိ အီးမေးလ်မရပါက သင့်အားရွေးချယ်ခြင်း မပြုကြောင်း ကြိုတင်အသိပေးလိုပါသည်။

အွန်လိုင်းအင်္ဂလိပ်စကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် –

https://forms.gle/FMMapqGASsTAdzeP9

New Myanmar Foundation ၏ အင်္ဂလိပ်ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုပါက သင်တန်းတာဝန်ခံထံသို့ အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal, Telegram နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Phone/Signal/Telegram – +66927833262

Email: language.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!