Blossom Future (ပွင့်သစ်ဝေ) ၏ အရေးပေါ်စားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်တွင် (မေလ) အတွက် သတ်မှတ်လူဦးရေပြည့်ကြောင်းကြေငြာခြင်း

● Blossom Future (ပွင့်သစ်ဝေ) မှ အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ခြင်းအစီအစဉ်၏ (၂၀) ကြိမ်မြောက်ဖြစ် သည့် မေလ (၁) လစာအတွက် ဖောင်လျှောက်လွှာလက်ခံ ခြင်းကို (၅-၅-၂၀၂၆) မှ စတင်၍ လုပ်ဆောင်ပေးခဲ့ပါ သည်။

● ယခုအခါ မေလ အတွက် သတ်မှတ်ဦးရေ ပြည့်သွားပါသဖြင့် အရေးပေါ်စားနပ်ရိက္ခာလျှောက် ထားမှု လက်ခံခြင်းများကို ယာယီရပ်နားထားမည်ဖြစ်ပြီး လာမည့် ဇွန်လတွင် လျှောက်ထားရမည့် ရက်အား Blossom Future (ပွင့်သစ်ဝေ) Facebook Page တွင် ပြန်လည်ကြေငြာသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

● ပုံမှန်ရုံးပိတ်ရက်များနှင့် ထိုင်းအစိုးရ ရုံးပိတ်ရက်များတွင် Blossom Future (ပွင့်သစ်ဝေ) ၏ ရုံးများပိတ်ထား မည်ဖြစ်ပါသည်။

● ထို့အပြင် ချွင်းချက်အနေဖြင့် တနင်္ဂနွေနေ့များတွင် ညနေ (၅) နာရီမှ ည (၈) နာရီအထိ 081-552-0516 (အရေးပေါ်အခြေခံစားနပ်ရိက္ခာရုံးဖုန်း) သို့ ဖုန်းခေါ်ဆိုဆက်သွယ် နိုင်ပါသည်။

● ဖုန်းမကိုင်နိုင်သည့် အချိန်များတွင်လည်း Signal မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါ သည်။

ဆက်သွယ်မေးမြန်းရန်

Ko Chain

Emergency Food Support Program Officer

Phone: 0815520516

Signal: +66 815520516 emergencyfood@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!