Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ရွှေပြောင်း မြန်မာကျောင်းများ ဖြစ်သော”ဆာသုလေကျောင်း၊ ” SAW ” ကျောင်း၊ သွေးသစ်ကျောင်းရှိ ကျောင်းသူနှင့်ဆရာမများ အတွက် အမျိုးသမီး တစ်ကိုယ်ရည်သုံးပစ္စည်း (Female Hygiene Kits)များ လှူဒါန်းခြင်း။

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်။

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် Blossom Future (ပွင့်သစ်ဝေ) နှင့် Church World Service (CWS) တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာကျောင်းများ ဖြစ်သော ဆာသုလေကျောင်း” ရှိ ကျောင်းသူနှင့်ဆရာမ (၄၆) ဦး၊ ” SAW” ကျောင်း ရှိကျောင်းသူနှင့် ဆရာမ (၃၀) ဦး၊ သွေးသစ်ကျောင်းရှိ ကျောင်းသူနှင့်ဆရာမ (၈၉) ဦးအတွက် လိုအပ်သော အမျိုးသမီး တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ (Female Hygiene Kits)ကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းခဲ့သည့်ပစ္စည်းများမှာ_ လူတစ်ဦးစာလျှင်

• လစဉ်သုံးဂွမ်းကတ် (Sanitary Pads) – ၅၂ ခု (၄ ထုပ် × ၁၃ ခု)

• ရေချိုးဆပ်ပြာ (Shower Soap) – ၄ တုံး (တစ်တုံးလျှင် ၆၀ ဂရမ်)

• အဝတ်လျှော်ဆပ်ပြာမှုန့် (Detergent) – ၁ ထုပ် (၇၅၀ ဂရမ်)

• သွားတိုက်ဆေး (Toothpaste) – ၁ ဗူး (၁၀၀ ဂရမ်) တို့ ပါဝင်ပါသည်။

ယခုလှူဒါန်းမှုသည် အမျိုးသမီးများ၏ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ လှူဒါန်းမှုအတွက်ပူးပေါင်း ကူညီပေးခဲ့ကြသော ကျောင်းတာဝန်ရှိသူများနှင့် ပါဝင်အားဖြည့် ပေးခဲ့ကြသူများအားလုံးကို Blossom Future (ပွင့်သစ်ဝေ) မှ အထူးကျေးဇူးတင်ရှိပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!