Burma Spring Center မှ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးအစီအစဉ်တရပ်အနေဖြင့် မော်တာ စက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိပါသည်။ သင်တန်းသူအမျိုးသမီး များအား မော်တာစက်ချုပ်ပညာအပြင် အ ခြားဗဟုသုတတိုးစေမည့် ဘာသာရပ်များ ကိုလည်း သင်တန်းအားလပ်ချိန်များတွင် လေ့လာနိုင်ရန် စီစဉ်ဆောရွက်လျက်ရှိရာ၂၃-၀၁-၂၀၂၂ နေ့ ညနေပိုင်း သင်တန်းအားလပ်ချိန်တွင် BSF ၏ lT Officer ကိုဘိုဘိုမှ Digital Security နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များ၊ ဆောင်ရန် ရှောင်ရန်နည်းလမ်းများကို မျှဝေပို့ချပေးခဲ့သည်။နောက်ရက်များတွင်လည်းသင်တန်းသူများအတွက် ဗဟုသုတတိုးပွားစေမည့် အချိန်တို သင်တန်းများအား သက်ဆိုင်ရာကျွမ်းကျင် သူများနှင့်ချိတ်ဆက်ပို့ချပေးသွားမည် ဖြစ်ပါသည်။
