New Myanmar Foundation မှ ဖွင့်လှစ်သော Digital Security Training Batch (2) ကျင်းပပြီးစီးကြောင်း အသိပေးခြင်း

မြန်မာ့ ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ အတွက် New Myanmar Foundationက ဦးစီး၍ ဒီဂျစ်တယ် နည်းပညာများကို လုံခြုံစိတ်ချစွာနှင့် ကျွမ်းကျွမ်း ကျင်ကျင် အသုံးပြုနိုင်ရေးအတွက် Digital Security Training များကို ကျင်းပ ပြုလုပ်လျက်ရှိရာဇူ လိုင်လ (၂၁) ရက် ၂၀၂၃ ခုနှစ်တွင် အပတ်စဉ် (၂) ကို ကျင်းပခဲ့ပြီးဖြစ်ပါသည်။ သင်တန်းသားများရွေးချယ်ရာတွင် – – –

မိမိပတ်ဝန်းကျင် နှင့် မိတ်ဆွေများကို ပြန်လည်ဝေမျှပေးရန် ဆန္ဒရှိသူများ။

လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ။

ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာရသူများ။

မြန်မာနိုင်ငံတွင်း ဝေးလံသောဒေသများ၊ ပဋိပက္ခဖြစ်ပွားလျက်ရှိသောဒေသများ ပုဂ္ဂိုလ်များ။

များကို အထူးဦးစားပေး ရွေးချယ်ခဲ့ပါသည်။

သင်တန်းသားရွေးချယ်ရာတွင် လျှောက်ထားသူ ဦးရေ များစွာထဲမှ နယ်ပယ်အစုံမှ ရွေးချယ်ရခြင်း ဖြစ်သည့်အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ယခု အပတ်စဉ် (၂) တွင် မပါဝင်ခဲ့သူများကိုလည်း နောင်ဖွင့်လှစ်မည့် သင်တန်းများတွင် ရွေးချယ်သွားမည်ဖြစ်ပါသည်။

မှတ်ချက်။ ။ လျှောက်ထားပြီးသူများအနေဖြင့် ထပ်မံလျှောက်ထားရန် မလိုအပ်ပါ

IT Manager

Micky

Phone – +66 0838788804

Email: nmf.itofficer@gmail.com,

#newmyanmarfoundation#digita_security_training

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!