လူ့အခွင့်အရေး အခြေခံအသိအမြင်နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းများအတွက် သင်တန်းသားများခေါ်ယူခြင်း

နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ မှ နို၀င်ဘာလအတွင်း ဖွင့်လှစ်ပို့ချပေးမည့် လူ့အခွင့်အရေးအခြေခံနှင့် ဒီဂျစ်တယ် ဘေးကင်းလုံခြုံရေးသင်တန်းသို့ တက်ရောက်လိုသူများအနေနဲ့ အောက်ပါ Google Form တွင် Register လုပ်နိုင်ပါသည်။ ၂၀၂၄ စက်တင်ဘာလ မှ နို၀င်ဘာလအထိ ဖွင့်လှစ်မည့်သင်တန်းများအတွက် ယခုလျှောက်လွှာခေါ်ယူခြင်းမှ သတ်မှတ်ချက်ကိုက်ညီသူများကို ကြိုတင်ရွေးချယ်ထားမည်ဖြစ်ပြီး၊ အလှည့်ကျ သင်တန်းအလိုက် ဆက်သွယ်တက်ရောက်စေမည်ဖြစ်ပါသည်။

ဤသင်တန်းအစီအစဉ်မှာ လူ့အခွင့်အရေး အကြောင်းအရာ နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးဟူ၍ အပိုင်း(၂)ပိုင်းပါဝင်ပါသည်။ဖွင့်လှစ်ပို့ချမည့် သင်တန်းအကြိမ်ရေနှင့် အချိန်ဇယားကို သေချာစွာဖတ်ရှု၍ တက်ရောက်လိုသူများသည် ဤလျှောက်လွှာပုံစံကိုဖြည့်သွင်းကြရပါမည်။ သင်တန်းအချိန်ဇယားတွင်ဖော်ပြထားသည့်အတိုင်း ရက်တို (တစ်နေကုန်တက်ရောက်ရမည့်သင်တန်း)နှင့် ရက်ရှည် (ညနေပိုင်းသင်တန်း) ဟူ၍ ပုံစံ(၂)မျိုးရှိသည့်အနက် မိမိနှင့်ကိုက်ညီမည့် အမျိုးအစား (သို့မဟုတ်) ၂ ခုလုံး အဆင်ပြေပါက “နှစ်ချိန်လုံးအဆင်ပြေသည်”ကို ရွေးချယ်လျှောက်ထားနိုင်ပါသည်။

ရွေးချယ်ခံရသူများအား တက်ရောက်ခွင့်ရမည့် လျာထားသင်တန်းရက်ကို ဆက်သွယ်အကြောင်းကြားသွားပါမည်။ လျှောက်ထားသူ အလွန်များပြားသည့်အတွက် တက်ရောက်လိုသည့် သင်တန်းရက်အတိအကျ ရွေးချယ်နိုင်မည်မဟုတ်သည်ကို နားလည်ပေးနိုင်ပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။

ဖြည့်သွင်းရမည့် ပုံစံနှင့် ပတ်သက်၍ မရှင်းလင်းသည်များ၊ ထပ်မံသိလိုသည်များ ရှိပါက သင်တန်းနည်းပြ Signal +66811813722‎ နှင့် Coordinator Signal +66808986684 သို့လည်းကောင်း၊ အီးမေးလ် humanrightsone.nmf@gmail.com သို့ လည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

တက်ရောက်လိုသူများ ဖြည့်သွင်းရန် Google Form Link
https://forms.gle/otk3hDKiSVJvN7jU9

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!