စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး လုပ်ငန်းစဉ်များအတွက် နှစ်သိမ့်ဆွေးနွေးသူ (Counsellor) ရာထူးလျှောက်လွှာများ ခေါ်ယူခြင်း

ရာထူး Counsellor

လျှောက်လွှာလက်ခံမည့်ကာလ ၁၃.၀၅.၂၀၂၆ မှ ၁၉.၀၅.၂၀၂၆ အထိ

စီမံကိန်းကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇ အထိ

နေရာ Blossom Future (ပွင့်သစ်ဝေ) ၊ မဲဆောက်

အစမ်းခန့်ကာလ ၃လ

အစမ်းခန့်လစာ ၁၃,၀၀၀ ဘတ်

ပုံမှန်လစာ ၁၅,၀၀၀ ဘတ်

အစီရင်ခံရမည့်သူ Project Manager

ခန့်အပ်မည့်ပုံစံ Full Time ( In Person)

ခန့်အပ်မည့်ဦးရေ ၁ ဦး

Blossom Future (ပွင့်သစ်ဝေ) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ ထောက်ပံ့မှုအစီအစဉ် (MHPSS Program) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တာဝန်ယူမှုရှိပြီး အရည်အချင်းပြည့်မီသော အကြံပေးသူတစ်ဦးကို ရှာဖွေနေပါသည်။ ဤအလုပ်အကိုင်သည် တစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်းတို့၏ စိတ်ကျန်းမာရေး ကောင်းမွန်ရေးအတွက် အကြံဉာဏ်ပေးမှုဝန်ဆောင်မှုများနှင့် အသိပညာပေးလှုပ်ရှားမှုများမှတဆင့် ပါဝင်ကူညီနိုင်မည့် အခွင့်အရေးတရပ်လည်းဖြစ်ပါသည်။

ပင်မလုပ်ငန်းတာဝန်များ

———————–

(၁) စိစစ်အကဲဖြတ်မှုလုပ်ငန်းစဉ် – တစ်ဦးချင်းစီ၏ စိတ်ကျန်းမာရေးလိုအပ်ချက်များကို သတ်မှတ်ရန် ကနဦးအကဲဖြတ်မှုများ ပြုလုပ်ခြင်း၊

(၂) အကြံဉာဏ်ပေးမှုလုပ်ငန်းစဉ် – သက်သေအခြေပြု တိုင်ပင်ဆွေးနွေးမှုကုထုံးနည်းလမ်းများ အသုံးပြု၍ တစ်ဦးချင်းစီ အတွက် အကြံဉာဏ်ပေးမှုများ ပြုလုပ်ခြင်း၊

(၃) အသိအမြင်ဖွင့်သင်တန်း – စိတ်ကျန်းမာရေးအကြောင်းသိနားလည်မှု၊ စိတ်ဓာတ်စွမ်းရည်မြှင့်တင်တည်ဆောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာအရေးပေါ်အကူအညီ (PFA) များဆိုင်ရာ အသိအမြင်ဖွင့်ဆွေးနွေးပွဲများ၊ သင်တန်းများကို လစဉ် ပြုလုပ်ခြင်း၊

(၄) စည်းရုံးလှုံ့ဆော်ပြောဆိုခြင်း- စိတ်ကျန်းမာရေးအသိအမြင်များနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးမှုများ၏ အရေးပါမှု တို့အပေါ် အခြားသော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း ၊လှုံ့ဆော်ပြောဆိုခြင်း၊

(၅) စောင့်ကြည့်လေ့လာခြင်း – ကူညီပံ့ပိုးမှုလက်ခံသူများ၏ တိုးတက်မှုများကို ဆက်လက်စောင့်ကြည့်၍ ကုသမှုအစီအစဉ်များကို လိုအပ်သလို ပြုပြင်သတ်မှတ်ခြင်း၊

(၆) စစ်ဆေးဆောင်ရွက်ပေးခြင်း – Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ဆောင်လျက်ရှိသော Safe House နှင့် Individual Housing ပရိုဂရမ်များတွင် နေထိုင်လျက်ရှိသော နေထိုင်သူများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း။

(၇) အစီရင်ခံစာရေးသားတင်သွင်းခြင်း – လုပ်ငန်းစဉ်ဆောင်ရွက်ချက်မှတ်တမ်းများနှင့် လူနာတိုးတက်မှုမှတ်တမ်းများကို အမှုဆောင်ဒါရိုက်တာ(Executive Director) ထံ အစီရင်ခံစာတင်ပြခြင်း၊

(၈) ပူးပေါင်းဆောင်ရွက်ခြင်း – အခြားပညာရှင်များ၊ အဖွဲ့အစည်းများနှင့် စနစ်တကျပူးပေါင်း၍ အစီအစဉ်အောင်မြင်စွာတိုးတက်အောင် ဆောင်ရွက်ခြင်း။

လိုအပ်သောကျွမ်းကျင်တက်မြောက်မှုများ

—————————————–

• စိတ်ပညာ၊ အကြံဉာဏ်ပေးရေး သို့မဟုတ် ဆက်စပ်ဘာသာရပ်တစ်ရပ်ဖြင့် ဘွဲ့တစ်ခု ရရှိထားသူ (သို့) အသိအမှတ်ပြု လက်မှတ် ရရှိထားသူ။

• စိတ်ဓာတ်စွမ်းရည်မြှင့်တင်တည်ဆောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာအရေးပေါ်အကူအညီ (PFA) များပေးအပ်ခြင်း တို့အပါအဝင် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာထောက်ပံ့မှုတို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းအတွေ့အကြုံရှိသူ၊ ကျွမ်းကျင်တတ်မြောက်မှုလက်မှတ်များရှိသူ။

• စိတ်ကျန်းမာရေးနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ရေး ထောက်ပံ့မှုကဏ္ဍလုပ်ငန်းနယ်ပယ်၌ အကြံဉာဏ်ပေး အတွေ့အကြုံရှိသူ။

• ပြန်ကြားဆက်သွယ်ရေးကောင်းမွန်ပြီး မတူညီသောလူအုပ်စုများနှင့်အတူ လုပ်ကိုင်နိုင်စွမ်းရှိသူ။

• အဖွဲ့လိုက်လုပ်ငန်းများတွင် ထိရောက်စွာ ပါဝင်လုပ်ကိုင်နိုင်ပြီး လျှို့ဝှက်သိမ်းဆည်းမှုကို ထိန်းသိမ်းလိုက်နာနိုင်သူ။

လျှောက်လွှာပေးပို့ရာတွင် ပါဝင်ရမည့်စာရွက်စာတမ်းများ

• A demonstrated commitment to mental health and psychosocial support.

• ကိုယ်ရေးအချက်အလက် နှင့် လျှောက်ထားရသည့်အကြောင်းအရင်း၊ အတွေ့အကြုံများရေးသားဖော်ပြထားသောလျှောက်ထားစာ

• သက်ဆိုင်သော လက်မှတ်များ၊ ဘွဲ့လက်မှတ်များနှင့် ကျွမ်းကျင်တတ်မြောက်မှုထောက်ခံချက်များ

• ထောက်ခံသူ အနည်းဆုံး ၂ ဦး၏ ထောက်ခံစာ

• လုပ်ငန်းအတွေ့အကြုံများကိုဖော်ပြနိုင်သည့် အထောက်အထားများ

သင်သည် စိတ်ကျန်းမာရေးနယ်ပယ်တွင်အပြောင်းအလဲဖြစ်အောင်လုပ်ဆောင်လိုသောစိတ်အားထက်သန်မှုရှိပြီး၊ လိုအပ်သောကျွမ်းကျင်မှုနှင့်အတွေ့အကြုံရှိပါက ကျွန်ုပ်တို့အဖွဲ့သို့လျှောက်ထားရန်ဖိတ်ခေါ်အပ်ပါသည်။

လျှောက်ထားနိုင်သောနည်းလမ်း

——————————-

စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ လျှောက်လွှာ (CV Form) နှင့် Cover Letter များအား မြန်မာဘာသာဖြင့် contact@blossomfuture.org သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

• Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

• CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက

—————————

Admin Dept:

Phone & Signal No. +66 626 874 266

Email: contact@blossomfuture.org

Blossom Future

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!