နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၇) ရက်ကြာ အခမဲ့ အခြေခံကွန်ပျူတာသင်တန်း ” အပတ်စဉ်-(၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့၊ နေ့လည် (၁) နာရီတွင် မဲဆောက်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၆) ဦး နှင့် အမျိုးသား သင်တန်းသား (၄) ဦး စုစုပေါင်း (၁၀) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။

ဦးစွာပထမ 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 ဒေါက်တာစန်းအောင်မှ အခမဲ့ အခြေခံကွန်ပျူတာသင်တန်းသည် အပတ်စဉ် (၁) ဖြစ်ပြီး အခုမှစတင်ဖွင့်လှစ်သည့်အတွက် တချို့အခက်ခဲများရှိနိုင်ကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာပြည်သူ ပြည်သားများ အလုပ်အကိုင် ရှာဖွေခြင်း နှင့် ပညာသင်ကြားခြင်းတို့တွင် အထောက်အကူပြုရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၇) ရက်အတွင်း စည်းကမ်းများကို လေးစားလိုက်နာရန်၊ သင်တန်းကာလအတွင်း မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန်နှင့် သင်တန်းအားလုံး ပြီးဆုံးသည်အထိ တက်ရောက်‌ပေးကြရန်၊ မိမိတို့အစွမ်းအစဖြင့် ရပ်တည်နိင်ပြီး တခြားခက်ခဲနေသူများကိုလည်း ပြန်လည်ကူညီပေးရန်တို့အား ပြောကြားခဲ့ပါသည်။

သင်တန်းဆရာ ကိုဝီရမှ အခြေခံကွန်ပျူတာ သင်တန်းသို့ ရောက်ရှိ လာကြသော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ သင်တန်းကာလအတွင်းညီအကို မောင်နှမစိတ်ဓာတ် မိသားစုစိတ်ဓါတ်ဖြင့် ဝိုင်း၀န်းလုပ်ဆောင် ပေးကျပါရန်၊ သင်တန်းမှချမှတ်ထားသော စည်းကမ်းများအား လေးစားလိုက်လိုက်နာရန် နှင့် စည်းကမ်းချက် များအကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!