နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၁၉) သင်တန်းဖွင့်ပွဲ

နယူးမြန်မာဖောင်ဒေးရှင်း (NMF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ “အခမဲ့ ကွန်ပျူတာသင်တန်း” အပတ်စဉ် (၁၉)၊ သင်တန်းဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မတ်လ(၃) ရက်နေ့၊ နေ့လည် (၁၁)နာရီ အချိန်တွင် မဲဆောက်မြို့ရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၅)ဦး၊ သင်တန်းသား (၄)ဦး၊ LGBT (၁)ဦး စုစုပေါင်း (၁၀) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။ ပထမဦးစွာ New Myanmar foundation မှ Safe House Manager မဇွန်ပွင့်မှ ယခုလို ကွန်ပျူတာသင်တန်းကို လာရောက်တက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ကြောင်းနှင့်၊ သင်တန်းကို မပျက်မကွက် တက်ရောက်ပေးကြပါရန် မေတ္တာရပ်ခံကြောင်းနှင့် အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ပါက Safe House တာဝန်ခံထံဖြစ်စေ၊ သင်တန်းတာဝန်ခံထံဖြစ်စေ ပြောကြားနိုင်ကြောင်း၊ အကြံပြုစာများ၊ တိုင်ကြားလိုသည့်စာများကို ပြုလုပ်နိုင်သည့်နည်းလမ်းများကို ရှင်းပြပြီး လွတ်လပ်စွာ အကြံပြုနိုင်ကြောင်း၊ NMFမှ ယခုကဲ့သို့ ကွန်ပျူတာ သင်တန်းအပြင် အခြားသော ဝန်ဆောင်မှုများလည်း ရှိသည့်အတွက် မည်သူမဆို ဆက်သွယ် ရယူနိုင်သည့်အကြောင်း ရှင်းပြ ပြောဆိုခဲ့ပါသည်။

ထို့နောက် သင်တန်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ရှာဖွေပေးမည့် တာဝန်ခံ ကိုJerryမှလည်း သင်တန်းတက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများကို ကြိုဆိုပါကြောင်း၊ သင်တန်း ကာလအတွင်း ဆရာမ၏ သင်ကြားမှုများအား ကြိုးစားသင်ယူရန်၊ မိသားစုဝင်များကဲ့သို့ အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ကြိုးစားလေ့လာစေချင်ကြောင်း၊ သင်တန်းပြီးဆုံးပါကလည်း အလုပ်အကိုင်များ ရရှိရန်အတွက်လည်း ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း၊ အကူအညီလိုအပ်ပါကလည်း အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့ကို ပြောကြား ခဲ့ပါသည်။

သင်တန်းဆရာမမှလည်း သင်တန်းသူ/သားများ ယခုလိုလာရောက်တက်ရောက်ပေးကြသည့်အတွက် ကြိုဆိုသည့်အကြောင်း၊ အဖွဲ့အစည်းမှ သင်ထောက်ကူပစ္စည်းများအပြင် အခြားသော အထောက်အပံ့များဖြင့် ပြည့်စုံအောင် စီစဉ်ပေးထားသည့် သင်တန်းဖြစ်တာကြောင့် လူကိုယ်တိုင် မပျက်မကွက်လာတက်ရောက်ပြီး စိတ်အားထက်သန်စွာနှင့် သင်ကြားလိုက်ရုံဖြင့် အားလုံးအတွက် အကျိုးရှိစေမည့် သင်တန်းတစ်ခု ဖြစ်သည့်အကြောင်း၊ အခြေခံ ကွန်ပျူတာကို စနစ်တကျနှင့် အသေးစိတ်သင်ကြားပေးမှာမို့ သင်တန်းဆယ်ရက်ကို မပျက်မကွက် တက်ရောက်စေချင်ကြောင်းနှင့်၊ သင်တန်းကာလတစ်လျှောက် ချစ်ခင်နွေးထွေးစွာနှင့် အတတ်ပညာတစ်ခုကို ပေါ့ပေါ့ပါးပါး သင်ယူဖြတ်သန်းသွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ ကွန်ပျူတာသင်တန်းအပတ်စဉ် (၁၉) အား အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!