



ရက်စွဲ – ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်
Blossom Future (ပွင့်သစ်ဝေ)နှင့် Church World Service (CWS)တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် မဲဆောက်မြို့နှင့် အနီးဝန်းကျင်ဒေသများရှိ ရွှေ့ပြောင်းမြန်မာမိသားစု (၂၆) စုထံသို့ အိမ်ထောင်စုတစ်ခုလျှင် ဆိတ်(၁)ကောင်နှုန်း စတင်ဖြန့်ဝေပေးခဲ့ပါသည်။
အဆိုပါ လှူဒါန်းမှုတွင် မယ်ပ(၁၀)ရပ်ကွက်(ကျွန်းတော/ကရင်စု)နှင့် ဟွေ့ကလုတ်ရပ်ကွက်များမှ စိစစ်ရွေးချယ်ထားသော အိမ်ထောင်စုများပါဝင်ပြီး တစ်အိမ်ထောင်လျှင် ဆိတ်တစ်ကောင်နှုန်း အခမဲ့ကူညီပံ့ပိုးပေးခဲ့ခြင်း ဖြစ်ပါသည်။
Blossom Future အနေဖြင့် မဲဆောက်ရောက် ရွှေ့ပြောင်းမြန်မာမိသားစုများ၏ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်း ထောက်ပံ့မှုအတွက် စိစစ်ရွေးခြယ်ခြင်းခံရသူများကို –
အိမ်ထောင်စု(၁၇၀၀)အတွက် အမျိုသမီးလစဥ်သုံး တစ်ကိုယ်ရေသုံးပစ္စည်း(၄)မျိုးစီ၊
အိမ်ထောင်စု (၄၀၀) အတွက် တစ်အိမ်ထောင်လျှင် ကြက် (၄) ကောင်နှုန်း၊
အိမ်ထောင်စု (၄၁၀) အတွက် တစ်အိမ်ထောင်လျှင် ဆိတ် (၁) ကောင်နှုန်း၊
အိမ်ထောင်စု (၂၄၅) အတွက် တစ်အိမ်ထောင်လျှင် ဝက် (၁) ကောင်နှုန်း အသီးသီး ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။
အမျိုးသမီးလစဥ်သုံး တစ်ကိုယ်ရေသုံးပစ္စည်း (၄)မျိုးစီ ဖြန့်ဝေလှူဒါန်းခြင်းလုပ်ငန်းစဥ်ကို ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။
ယခုအခါ အိမ်မွေးကြက်များနှင့် ဆိတ်များကို စတင်ဖြန့်ဝေပေးနေပြီဖြစ်ပြီး ယခုအောက်တိုဘာလအပါအဝင် လာမည့်နိုဝင်ဘာလ၊ ဒီဇင်ဘာလများနှင့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရွေးချယ်ခံရသည့် အိမ်ထောင်စုများထံ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားကာ ကြက်၊ ဝက်နှင့် ဆိတ်များ ဖြန့်ဝေခြင်းလုပ်ငန်းကို လုပ်ငန်းစဉ်အတိုင်း စနစ်တကျ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။
ဤလှူဒါန်းမှုလုပ်ငန်းစဥ်အဆင့်ဆင့် အဆင်ပြေချောမွေ့စွာ ပြီးမြောက်ရေးအတွက် ပူးပေါင်းကူညီပေးခဲ့ကြသော တာဝန်ရှိသူများနှင့် ပါဝင်အားဖြည့်ပေးခဲ့ကြသူအားလုံးကို Blossom Future (ပွင့်သစ်ဝေ) မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။
သို့ပါ၍ ဖော်ပြပါအစီအစဉ်အား အမှန်တကယ်စိတ်ဝင်စားသူများအနေဖြင့် အစီအစဉ်တွင်ပါဝင်နိုင်ရန် အမြန်ဆုံးလျှောက်ထားပါဝင်နိုင်ပြီ ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။
လျှောက်ထားနိုင်ရန်နည်းလမ်းများ
+++++++++++++++++++++++
နည်းလမ်း (၁) အောက်ဖော်ပြပါ Google Form အားဖြည့်သွင်းလျှောက်ထားခြင်း
လျှောက်ထားနိုင်ရန် 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 𝗟𝗶𝗻𝗸 https://forms.gle/mc8WG253rsQbzB9H9
( သို့မဟုတ် )
နည်းလမ်း (၂) အစီအစဉ်နှင့်ပတ်သက်၍ Google Form လျှောက်လွှာမဖြည့်သွင်းတတ်ခြင်း၊ မရှင်းလင်းသည်များနှင့် မေးမြန်လိုသည်များရှိပါက လုပ်ငန်းစဉ်တာဝန်ခံထံ အပတ်စဉ် တနင်္လာနေ့ မှ သောကြာနေ့ နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း တိုက်ရိုက်ဆက်သွယ် လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ ။ ထောက်ပံ့ပေးသည့် အရေအတွက် အကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံးလျှောက်ထားနိုင်ကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။
ဆက်သွယ်ရန်
————-
တာဝန်ခံ ဖုန်းနံပါတ်/ 𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် – +66635804509/ +66945595084
Email – livestockpo.blossomfuture@gmail.com/ livestockapo.blosssomfuture@gmail.com
Blossom Future (ပွင့်သစ်ဝေ)