၂၀၂၆ ခုနှစ် (ဇူလိုင်လ) အတွင်း ဇူလိုင် နှင့် ဩဂုတ် (၂) လစာ အတွက် (လူသစ်များ) ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

Date – 02-July-2026

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့်

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။

Blossom Future (ပွင့်သစ်ဝေ) တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ –

မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/ သမီး မရှိသူများ) လျှောက်ထား နိုင်ပါသည်။ အထက်ပါ အချက်များအတွက် သက်ဆိုင်ရာ အထောက်အထားပြရန်လိုအပ်ပါသည်။

အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။

၁။ အရပ်သား CDM များ / မိသားစုဝင်များ

၃။ စစ်/ရဲ CDM များ / မိသားစုဝင်များ

၄။ လွှတ်တော်ကိုယ်စားလှယ်များ / မိသားစုဝင်များ

၅။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသည့် စစ်မှုထမ်းရှောင်မိသားစုဝင်များ

 ရိက္ခာလျှောက်ထားမှုတွင် မိသားစုဝင်ငွေ မရှိသေးသူများ ၊ ချို့တဲ့သူများအတွက် ရည်ရွယ်ပါသည်။ သို့ဖြစ်ပါ၍ မိသားစုဝင်ငွေ ရှိပြီး မချို့တဲ့သူများ လျှောက်ထားရန် မလိုပါ။

 အသက် ၁၉ နှစ် မှ ၄၉ နှစ် အတွင်း အမျိုးသားများအတွက် အလှူရှင်ဘတ်ဂျက်အခက်အခဲကြောင့် လျော့ချရမည်ဖြစ်၍ ရိက္ခာပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

 အလှူရှင်ဘက်မှ အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် လူဦးရေ ပြန်လည်လျော့ချပေးရသည့် အခြေအနေများ ကြုံတွေ့ရပါက ရိက္ခာ လျှောက်ထားသူ အားလုံးကို ရိက္ခာပေးနိုင်မည်ဟု အာမ မခံနိုင်ကြောင်း ကြိုတင်အသိပေး ကြော်ငြာအပ်ပါသည်။

 အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။

ယခု ဇွန်လ အတွင်း ရိက္ခာလျှောက်ထားရမည့် (ရက်)များ ရိက္ခာရရှိမည့် (လ)များ

02 -July -2026 ( ကြာသပတေး ) မနက် ၉နာရီခွဲမှ ညနေ ၅နာရီအထိ

03 – July -2026 ( သောကြာ ) မနက် ၉နာရီခွဲမှ ညနေ ၅နာရီအထိ

06 – July -2026 ( တနင်္လာ ) မနက် ၉နာရီခွဲမှ ညနေ ၅နာရီအထိ

07 – July -2026 ( အင်္ဂါ ) မနက် ၉နာရီခွဲမှ ညနေ ၅နာရီအထိ

08 – July -2026 ( ဗုဒ္ဓဟူး ) မနက် ၉နာရီခွဲမှ ညနေ ၅နာရီအထိ

2026 ဇူလိုင် နှင့် ဩဂတ် (၂) လစာ အတွက် ရိက္ခာလျှောက်ထားရန် သတ်မှတ်ရက်များ

လူဟောင်း ဆရာ/ဆရာမများအတွက်

၂၀၂၅ – ဇန်နဝါရီလ မှ၂၀၂၆ – ဇွန်လ အထိ ရိက္ခာဖောင်လျှောက်ထားပြီးသူ ဆရာ/ဆရာမ (လူဟောင်းများ) ရိက္ခာဖောင် (Google Form) ဖြည့်သွင်း ၍ ပြန်လျှောက်ရန် မလိုအပ်သေးပါ။

လူသစ်လျှောက်မည့် ဆရာ/ဆရာမများအတွက်

လူသစ်များအနေဖြင့် ရုံးဖုန်းဖြစ်သော အောက်ဖော်ပြပါဖုန်းသို့ တိုက်ရိုက်ဆက်သွယ်၍ လျှောက်ထားရန်လိုအပ်ပါကြောင်း နှင့် လူဟောင်း ဆရာ / ဆရာမများ၏ မိသားစုဝင်များ ထပ်တိုးရှိလာပါက ထိုသူများလည်း လူသစ်အနေဖြင့် လျှောက်ထားရန်လိုအပ်ပါကြောင်း အသိပေး အပ်ပါတယ်ရှင့် ။

ရိက္ခာလျှောက်ထားမှုပုံစံ

ရိက္ခာလျှောက်ရန် ရုံးဖုန်း 0660273746 သို့

ကြေငြာချက်ပါ သတ်မှတ်ထားသည့် ရက်များတွင် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီ အတွင်း လူသစ်များ အနေဖြင့် တိုက်ရိုက် ဖုန်းဆက်၍ လျှောက်ထားရန်လိုအပ်ပါကြောင်း အသိပေး အပ်ပါတယ်ရှင့် ။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!