၂၀၂၆ခုနှစ် ၊ ဖေဖော်ဝါရီ လ သတ်မှတ်ရက်များအတွင်း ရိက္ခာလျှောက်ထားခဲ့သည့် လူသစ် များအတွက် ၂၀၂၆ခုနှစ် ၊ ဖေဖော်ဝါရီ (၁) လစာကို ရိက္ခာပစ္စည်းများ မျှဝေပေးသွားမည် ဖြစ်ပါသည်။
ရိက္ခာသစ်လျှောက်ထားသူ (၂၆၄) ဦးရှိခဲ့ပြီး ရိက္ခာလျှောက် ထားသူများ၏ ထောက်ခံပုဂ္ဂိုလ်များအပြင် Blossom Future (ပွင့်သစ်ဝေ) မှ ရိက္ခာတာဝန်ခံနှင့် Ground Volunteers ၏ သိရှိမှုပေါ်အခြေခံ၍ ရွေးချယ်ခဲ့သော (၂၃၀) ဦးအား (20-March-2026) သောကြာနေ့ (၁) ရက် တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။
ယခုလမှ စ၍ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) ၏ အိမ်လိုက်ဝေပေးသည့် အစီအစဉ်အား အောက်ဖော်ပြပါ သတ်မှတ်ထားသော (၇) နေရာများအတွက်သာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ထိုနေရာများမှ အပ အခြားနေရာများသို့ ပို့ဆောင်ပေးမည့် အစီအစဉ် မရှိတော့ပါကြောင်းကို လေးနက်စွာ အသိပေးအပ်ပါသည်။
1. မယ့်ကဆာ
2. မယ်ကုလွမ်
3. ဝှေ့ကလုတ်ကျေးရွာ
4. ဝှေ့မုတ်ကျေးရွာ
5. မယ်တောင်ပိုင်
6. မယ့်ကုကင်း
7. ကြယ်လေးခို (ကြယ်တခွပ်)
ထို့ကြောင့် ရိက္ခာထုတ်ရမည့် လူသစ် ဆရာ/ဆရာမများထံ လျှောက်လွှာတွင် ဖြည့်သွင်းထားခဲ့သော Signal နံပါတ်များ သို့ ရုံးဖုန်း 𝟬𝟲𝟱𝟵𝟮𝟱𝟮𝟭𝟳𝟯 ဖြင့် (19-Mar-2026) ကြာသပတေးနေ့တွင် အကြောင်းကြားခြင်း အစီအစဉ်လုပ်ဆောင်သွားမည် ဖြစ်ပါ သည်။
ထို့ပြင် ရိက္ခာမျှဝေမည့် ကာလများအတွင်း ဆရာ/ဆရာမတို့၏ ဖုန်းခေါ်ဆိုမှုများ / Signalမှ စာပို့မှုများကို အကြောင်း ပြန်ကြားခြင်း များ နောက်ကျပါက နားလည်ပေးကြပါရန် ကြိုတင် မေတ္တာရပ်ခံအပ်ပါသည် ။
ဆက်သွယ်မေးမြန်းရန်
Hay Mar
Basic Food Program Manager
Phone & Signal +66 659252173
