မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ….ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။
New Myanmar Foundation တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ –
မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသည့် ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/သမီးမရှိသူများ) လျှောက်ထား နိုင်ပါသည်။ အထက်ပါ အချက်များအတွက် သက်ဆိုင်ရာ အထောက်အထားပြရန် လိုအပ်ပါသည်။
အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။
၁။ အရပ်သား CDM များ / မိသားစုဝင်များ
၃။ စစ်/ရဲ CDM များ / မိသားစုဝင်များ
၄။ လွှတ်တော်ကိုယ်စားလှယ်များ / မိသားစုဝင်များ
၅။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသည့် စစ်မှုထမ်းရှောင်မိသားစုဝင်များ
အသက် (၁၈ နှစ် မှ ၅၀ နှစ်) အတွင်း ရိက္ခာလျှောက်ထားမှုအား *(ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေး များ (အုပ်ထိန်းသူမရှိသူများ) မှ အပ*) အလှူရှင်၏ အခက်အခဲကြောင့် ခေတ္တာယာယီ လက်မခံသေးပါ။
မိသားစု ဝင်ငွေရှိသူများ အနေဖြင့် လျှောက်ထား၍ မရပါ။ ရိက္ခာလျှောက်ထားသူများ၏ ထောက်ခံပုဂ္ဂိုလ်များအပြင် NMF မှ Ground Volunteers ၏ သိရှိမှုပေါ်အခြေခံ၍လည်း Cancel လုပ်သွားမည်ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)
အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။
အလှူရှင်၏ အခက်အခဲကြောင့် ရိက္ခာလျှောက်ထားသည့် လူဦးရေ ပြန်လည်လျော့ချပေးရသည့် အခြေအနေများ လက်ရှိကာလတွင် ရှိနေပြီး ထပ်မံ၍လည်း ကြုံတွေ့နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။
ယခု စက်တင်ဘာလ အတွင်း
ရိက္ခာလျှောက်ထားရမည့် ရက်များ
– 𝟭𝟰-𝗢𝗰𝘁-𝟮𝟬𝟮𝟱 (အင်္ဂါ)
– 𝟭𝟱-𝗢𝗰𝘁-𝟮𝟬𝟮𝟱 (ဗုဒ္ဓဟူး)
– 𝟭𝟲-𝗢𝗰𝘁-𝟮𝟬𝟮𝟱 (ကြာသပတေး)
– 𝟭𝟳-𝗢𝗰𝘁-𝟮𝟬𝟮𝟱 (သောကြာ)
ရိက္ခာရရှိမည့် ကာလ
– နိုဝင်ဘာ နှင့် ဒီဇင်ဘာ(၂) လစာ အတွက်
မှတ်ချက် (၁) ။ ။ ၂၀၂၅ စက်တင်ဘာ-အောက်တိုဘာ (၂) လစာ အတွက် ရိက္ခာလျှောက်ထားသောသူများအား ရိက္ခာဝေမည့်အစီအစဉ်သည် အလှူရှင် အပေါ်မူတည်ပြီး ရိက္ခာဝေရက် သတ်မှတ်ရခြင်း ဖြစ်သည့်အတွက် အလှူရှင် ဆက်သွယ်လာပါက ရိက္ခာဝေမည့် ရက်အား ကြေငြာပေးသွားမည်ဖြစ်ပါသည်။
မှတ်ချက် (၂) ။ ။ ၂၀၂၅ ဇန်နဝါရီ လမှ စက်တင်ဘာ လ အထိ ရိက္ခာဖောင်လျှောက်ထားသူ ဆရာ/ဆရာများ (လူဟောင်းများ) ၂၀၂၅ ယခု ဩဂုတ် အောက်တိုဘာလမှ ဒီဇင်ဘာ လ အထိ ရိက္ခာဖောင် ပြန်လျှောက်ရန် မလိုအပ်ပါ။ (စာရင်းထည့်သွင်း၍ အလှူရှင်ထံ တင်ပြပေးသွားမည် ဖြစ်မည်ဖြစ်ပြီး NMFမှ ရိက္ခာတာဝန်ရှိသူများမှဆက်သွယ်၍ ကွင်းဆင်းတွေ့ဆုံမှုများလိုအပ်သလို စီစဉ်ဆောင်ရွက်ရန် ပြင် ဆင်သွားမည် ဖြစ်ပါသည်။)
မှတ်ချက် (၃) ။ ။ ရိက္ခာလျှောက်ထားသူအားလုံးကို ရိက္ခာပေးနိုင်မည်ဟု အာမ မခံနိုင်ကြောင်း ကြိုတင် အသိပေးကြေငြာချက် ပါသည်။
မှတ်ချက် (၄) ။ ။ လူသစ်များအနေဖြင့် ရုံးဖုန်း(0659252173) သို့ ဖုန်းတိုက်ရိုက်ဆက်၍ လျှောက်ထားရန်လိုအပ်ပါကြောင်း နှင့်လူဟောင်း ဆရာ / ဆရာမများ၏ မိသားစုဝင်များ ထပ်တိုးလာပါက ထိုသူများကိုလည်း လူသစ်အနေဖြင့် သတ်မှတ်ကြောင်း ကြိုတင် အသိပေး အပ်ပါတယ်ရှင့် ။
ရိက္ခာလျှောက်ထားမှုပုံစံ
ရိက္ခာလျှောက်ရန် ရုံးဖုန်း (0659252173) သို့ ရိက္ခာလျှောက်ရန် ကြေငြာချက်ပါ သတ်မှတ်ထားသည့် ရက်များတွင် ရုံးချိန် မနက် (၉) နာရီခွဲမှ ညနေ (၅) နာရီအတွင်း လူသစ်များ အနေဖြင့် တိုက်ရိုက် ဖုန်းဆက်၍ လျှောက်ထားရမည် ဖြစ်ပါသည်။
New Myanmar Foundation ရုံးပိတ်ရက်များသည် စနေ ၊ တနင်္ဂနွေ နှင့် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်ပါက Signal တွင် စာပို့မေးမြန်းထားနိုင်ပါသည်။ ထိုင်းရုံးပိတ်ရက်များကိုလည်း Facebook Page တွင် ကြိုတင်ကြေငြာပေးလေ့ရှိပါသည်။
ရိက္ခာအခက်အခဲရှိသူ (လူသစ်) များအနေဖြင့် ၂၀၂၅ နိုဝင်ဘာ နှင့် ဒီဇင်ဘာ (၂) လစာအတွက်
ရိက္ခာလျှောက်ထားရန် အထက်ဖော်ပြပါသတ်မှတ်ရက်များအတွင်း ရုံးချိန် မနက် (၉) နာရီခွဲ မှ ညနေ (၅) နာရီ ကြေငြာချက်အားလေ့လာ၍ လျှောက်ထားပေးရန် လိုပါသည်။
ဆက်သွယ်မေးမြန်းရန်
Basic Food Support Program Manager
Hay Mar
Phone: +66 659 252 173
Signal: 0659252173

