နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၁၈) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၈) ရက်နေ့အထိ(၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံ ကွန်ပျူတာသင်တန်း အပတ်စဉ် (၁၈) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ညနေ (၀၄း၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ ကွန်ပျူတာ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ်(၁၈)ကိုတက်ရောက်အောင်မြင်ခဲ့သည့် LGBT(၁)ယောက်၊ သင်တန်း သား (၉)ယောက် စုစုပေါင်း (၁၀) ဦး ရှိပါသည်။

သင်တန်းဆင်းပွဲတွင်ဦးစွာ သင်တန်းဆရာမမှ သင်တန်းသား/သူများအား သင်တန်းကလတစ်လျှောက် စိတ်အား ထက်သန်စွာနှင့် မပျက်မကွက် တက်ရောက်သင်ကြားပေးခဲ့ကြတဲ့အတွက် သင်တန်းသူ၊ သင်တန်းသားများ အားလုံးကို ကျေးဇူးတင်ကြောင်း၊ Basic Level နှင့် လျော်ညီတဲ့ ပညာရပ်တွေကို သင်ကြားပေးလိုက်ပြီ ဖြစ်တာကြောင့် နည်းပညာလောကထဲမှာ ပထမဆုံးခြေလှမ်းကို စလိုက်နိုင်ခဲ့ပြီမို့ ဒီ Level မှာပဲ ရပ်တန့်မနေပဲ ဆက်လက်လေ့လာ သင်ယူကြဖို့ တိုက်တွန်းကြောင်း၊ သင်တန်းပြီးဆုံးသွားသော်လည်း Computer ပညာရပ်နှင့် ပတ်သက်၍ အခက်အခဲ တစုံတရာရှိလာပါက အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် ယခု ပညာရပ်တွေဖြင့် အတ္တ၊ ပရနှစ်ဖြာသော အကျိုးတွေကို ဆောင်ရွက်နိုင်သူတွေ ဖြစ်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် Field Coordinator မသိင်္ဂီမှ သင်တန်းကာလတလျှောက် မပျက်မကွက်တက်ရောက်ပေးကြသော သင်တန်းသူ၊ သင်တန်းသားများအား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ လက်ရှိ Computer သင်တန်းအပြင် အခြားသော New Myanmar Foundation မှ ဝန်ဆောင်မှုပေးနေသော Program များတွင်လည်း ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ကြောင်း၊ အလုပ်အကိုင်နှင့်ပတ်သက်ပြီး အလုပ်အကိုင်ချိတ်ဆက်ပေးရေး တာဝန်ခံထံ ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်းနှင့် သင်တန်းသားသင်တန်းသူတို့၏ အကြံပြုချက် များအတွက် ကျေးဇူးတင်ကြောင်းနှင့်ထိုအကြံပြုချက်များကိုလည်း တတ်နိုင်သလောက် ကြိုးစားပြီး လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆရာ/ဆရာမများ၏ ပြောကြားမှုများအပြီးတွင် သင်တန်းသူ/သင်တန်းသားတစ်ဦးချင်းစီမှ သင်တန်း၏ အားသာ ချက်/အားနည်းချက်များ နှင့် ကြုံတွေ့ရသော အခက်အခဲများ၊ ကျေနပ်ပီတိစကားများကို မျှဝေခဲ့ကြပါ သည်။ အဆိုပါတင်ပြဆွေးနွေးမှုများအပြီးတွင် သင်တန်းသူ/သား (၁၀) ဦး တို့အား သင်တန်းဆင်းလက်မှတ်များနှင့် ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!