ပွင့်သစ်ဝေ (𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞) ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၈၅) သင်တန်းဆင်းပွဲ

ပွင့်သစ်ဝေ (BLOSSOM FUTURE) မှ ဦးစီးကျင်းပပြုလုပ်သော (၂၀၂၆ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှ ဇွန်လ(၂၉)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော BLOSSOM FUTURE ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၈၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့ညနေ (၃:၃၀)နာရီတွင် ထိုင်းမြန်မာနယ်စပ်ဒေသရှိ ပွင့်သစ်ဝေ (BLOSSOM FUTURE) ၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံ မော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၈၅)ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၃)ယောက်၊ သင်တန်းသား (၇)ယောက် စုစုပေါင်း(၁၀)ဦးရှိပါသည်။ ပထမဦးစွာ BLOSSOM FUTURE မှ Field Coordinator မသိင်္ဂီမှ ဤကဲ့သို့ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စက်ချုပ်ပညာဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်အကိုင်ရရှိအောင် စွမ်းဆောင်ရည် မြှင့်တင်ပေးသော […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ အခမဲ့အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၂၅) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှ ဇွန်လ(၂၆) ရက်နေ့အထိ(၁၀) ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးခဲ့သော Blossom Future (ပွင့်သစ်ဝေ) ၏ အခမဲ့အခြေခံ ကွန်ပျူတာသင်တန်း အပတ်စဉ် (၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့ ညနေ (၀၄း၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Blossom Future (ပွင့်သစ်ဝေ) ၏ ကွန်ပျူတာ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ်(၂၅)ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၇)ယောက်၊ သင်တန်း သား (၃)ယောက် စုစုပေါင်း (၁၀) ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင်ဦးစွာ Executive Director ဒေါက်တာစန်းအောင်မှ ယခုလို သင်တန်းကို လာ၍ တက်ရောက်ကြတာ ဝမ်းသာဂုဏ်ယူကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မဲဆောက်ကို ရောက်လာကြပေမယ့် ကိုယ့်ဘဝကို […]

𝐒𝐭𝐫𝐨𝐧𝐠𝐞𝐫 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫: 𝐀 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲-𝐁𝐚𝐬𝐞𝐝 𝐏𝐞𝐚𝐜𝐞 𝐚𝐧𝐝 𝐉𝐮𝐬𝐭𝐢𝐜𝐞 𝐈𝐧𝐢𝐭𝐢𝐚𝐭𝐢𝐯𝐞 𝐟𝐨𝐫 𝐑𝐞𝐟𝐮𝐠𝐞𝐞𝐬 𝐢𝐧 𝐌𝐚𝐞 𝐒𝐨𝐭 𝐏𝐫𝐨𝐣𝐞𝐜𝐭 တွင် တာဝန်ထမ်းဆောင်ရန် သင်တန်းတာဝန်ခံအရာရှိ (𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေထိုင်လျှက်ရှိကြသော မြန်မာပြည်သူ/ ပြည်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေးနှင့် ဝင်ငွေရရှိစေရေးကို ရည်ရွယ်လျှက် ထိုင်းဘာသာစကားများအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ မှစတင်၍ ကျင်းပဆောင်ရွက်လျက် ရှိရာ ၎င်းသင်တန်းများအား တာဝန်ယူစီမံခန့်ခွဲမည့် သင်တန်းတာဝန်ခံ အရာရှိ (𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿) ရာထူးအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူနေပါသည်။ ရာထူး 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿 လျှောက်လွှာလက်ခံမည့်ကာလ ၃၀.၀၆.၂၀၂၆ မှ ၁၀.၀၇.၂၀၂၆ အထိ စီမံကိန်း ကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇ အထိ နေရာ မဲဆောက် အစမ်းခန့်ကာလ ၃လ ပုံမှန်လစာ ၁၀,၀၀၀ ဘတ် အစီရင်ခံရမည့်သူ Project Manager ခန့်အပ်မည့်ပုံစံ အချိန်ပိုင်း […]

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး လုပ်ငန်းစဉ်များအတွက် နှစ်သိမ့်ဆွေးနွေးသူ (𝐌𝐇𝐏𝐒𝐒 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫) ရာထူးလျှောက်လွှာများ ခေါ်ယူခြင်း

Blossom Future (ပွင့်သစ်ဝေ) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ ထောက်ပံ့မှုအစီအစဉ် (MHPSS Program) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တာဝန်ယူမှုရှိပြီး အရည်အချင်းပြည့်မီသော အကြံပေးသူတစ်ဦးကို ရှာဖွေနေပါသည်။ ဤအလုပ်အကိုင်သည် တစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်းတို့၏ စိတ်ကျန်းမာရေး ကောင်းမွန်ရေးအတွက် အကြံဉာဏ်ပေးမှုဝန်ဆောင်မှုများနှင့် အသိပညာပေးလှုပ်ရှားမှုများမှတဆင့် ပါဝင်ကူညီနိုင်မည့် အခွင့်အရေးတရပ်လည်းဖြစ်ပါသည်။ အမျိုးသမီး ဝန်ထမ်းသာခေါ်ယူမည်ဖြစ်ပါသည်။ ရာထူး MHPSS Counsellor လျှောက်လွှာလက်ခံမည့်ကာလ ၃၀.၀၆.၂၀၂၆ မှ ၀၇.၀၇.၂၀၂၆ အထိ နေရာ မဲဆောက် ပုံမှန်လစာ ၁၅,၀၀၀ ဘတ် အစီရင်ခံရမည့်သူ Project Manager ခန့်အပ်မည့်ပုံစံ Full Time ( In Person) ခန့်အပ်မည့်ဦးရေ ၁ ဦး ပင်မလုပ်ငန်းတာဝန်များ ———————– (၁) […]

𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်)

Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်အား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့ များတွင် မနက် (၁၀နာရီမှ ညနေ ၃နာရီ) အတွင်းပြုလုပ်ပေးလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိကြုံတွေ့ရသော အခြေအနေ စိတ်ခံစားချက်များကို ရင်ဖွင့်ပြောကြားလိုပါက လွတ်လပ်စွာနှင့် လုံခြုံစိတ်ချစွာ ရင်ဖွင့်ဆွေးနွေးနိုင်ကြောင်း နွေးထွေးစွာ ကြိုဆိုလိုက်ရပါတယ်ခင်ဗျ။ ရည်ရွယ်ချက် ———— ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ […]

စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 𝐟𝐨𝐫 𝐫𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩)

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ)မှ ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ)အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်ဓာတ်စွမ်းအား မြှင့််တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲများအား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ လစဉ်ကျင်းပပြုလုပ်လျှက်ရှိရာ ၂၀၂၆ ဇူလိုင်လအတွက် သင်တန်း ထပ်မံဖွင့်လှစ် သွားမည်ဖြစ်၍ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် ————- သင်တန်း၏ အဓိက ရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ထွက်ပြေးရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဓါတ်စွမ်းရည်မြှင့်တင်ရန်နှင့် စိတ်ဓါတ်ခွန်အား၏ အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်း အသိပညာပျံနှံ့စေရန် […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ အရေးပေါ်စားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်တွင် (ဇွန်လ) အတွက် သတ်မှတ်လူဦးရေပြည့်ကြောင်းကြေငြာခြင်း

Blossom Future (ပွင့်သစ်ဝေ) မှ အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ခြင်းအစီအစဉ်၏ (၂၁) ကြိမ်မြောက်ဖြစ် သည့် ဇွန်လ (၁) လစာအတွက် ဖောင်လျှောက်လွှာလက်ခံ ခြင်းကို (၁-၆-၂၀၂၆) မှ စတင်၍ လုပ်ဆောင်ပေးခဲ့ပါ သည်။ ● ယခုအခါ ဇွန်လ အတွက် သတ်မှတ်ဦးရေ ပြည့်သွားပါသဖြင့် အရေးပေါ်စားနပ်ရိက္ခာလျှောက် ထားမှု လက်ခံခြင်းများကို ယာယီရပ်နားထားမည်ဖြစ်ပြီး လာမည့် ဇူလိုင်လတွင် လျှောက်ထားရမည့် ရက်အား Blossom Future (ပွင့်သစ်ဝေ) Facebook Page တွင် ပြန်လည်ကြေငြာသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ● ပုံမှန်ရုံးပိတ်ရက်များနှင့် ထိုင်းအစိုးရ ရုံးပိတ်ရက်များတွင် Blossom Future (ပွင့်သစ်ဝေ) ၏ ရုံးများပိတ်ထား မည်ဖြစ်ပါသည်။ ● ထို့အပြင် ချွင်းချက်အနေဖြင့် တနင်္ဂနွေနေ့များတွင် […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐚𝐧𝐝 𝐂𝐮𝐥𝐭𝐮𝐫𝐚𝐥 𝐄𝐱𝐜𝐡𝐚𝐧𝐠𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာ ခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) မှ လုပ်ဆောင် လျက်ရှိသော လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ၊ လူမှုဘဝဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်း အတွင်း အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်စေရန် 𝗖𝗶𝘃𝗶𝗰 𝗢𝗿𝗶𝗲𝗻𝘁𝗮𝘁𝗶𝗼𝗻 နှင့် 𝗥𝗶𝗴𝗵𝘁𝘀 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 များအား ဦးဆောင်သင်ကြားပေးခြင်း၊ 𝗛𝗼𝘀𝘁 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗠𝗲𝗺𝗯𝗲𝗿𝘀 များနှင့် ပူးပေါင်းကာ 𝗖𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗘𝘅𝗰𝗵𝗮𝗻𝗴𝗲 𝗘𝘃𝗲𝗻𝘁 များ စီစဉ်ဆောင်ရွက်ခြင်းတို့အား တာဝန်ယူလုပ်ဆောင်ပေးနိုင်မည့် 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗮𝗻𝗱 𝗖𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗘𝘅𝗰𝗵𝗮𝗻𝗴𝗲 𝗢𝗳𝗳𝗶𝗰𝗲𝗿 ရာထူးအတွက် လျှောက်လွှာ များ ခေါ်ယူလျက်ရှိပါသည်။ ရာထူး 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗮𝗻𝗱 𝗖𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗘𝘅𝗰𝗵𝗮𝗻𝗴𝗲 𝗢𝗳𝗳𝗶𝗰𝗲𝗿 လျှောက်လွှာလက်ခံမည့်ကာလ ၂၃.၆.၂၀၂၆ မှ ၃၀.၆.၂၀၂၆ ခုနှစ်အထိ နေရာ […]

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး လုပ်ငန်းစဉ်များအတွက် နှစ်သိမ့်ဆွေးနွေးသူ (𝐌𝐇𝐏𝐒𝐒 𝐂𝐨𝐮𝐧𝐬𝐞𝐥𝐥𝐨𝐫) ရာထူးလျှောက်လွှာများ ခေါ်ယူခြင်း

ရာထူး MHPSS Counsellor လျှောက်လွှာလက်ခံမည့်ကာလ ၂၁.၀၆.၂၀၂၆ မှ ၃၀.၀၆.၂၀၂၆ အထိ စီမံကိန်းကာလ ၀၁.၀၆.၂၀၂၆ မှ ၃၀.၀၄.၂၀၂၇ အထိ နေရာ မဲဆောက် ပုံမှန်လစာ ၁၅,၀၀၀ ဘတ် အစီရင်ခံရမည့်သူ Project Manager ခန့်အပ်မည့်ပုံစံ Full Time ( In Person) ခန့်အပ်မည့်ဦးရေ ၁ ဦး Blossom Future (ပွင့်သစ်ဝေ) သည် စိတ်ခံစားမှုနှင့် လူမှုဘဝဝန်းကျင်ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမှုပိုင်ဆိုင်ရာ ထောက်ပံ့မှုအစီအစဉ် (MHPSS Program) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တာဝန်ယူမှုရှိပြီး အရည်အချင်းပြည့်မီသော အကြံပေးသူတစ်ဦးကို ရှာဖွေနေပါသည်။ ဤအလုပ်အကိုင်သည် တစ်ဦးချင်းစီနှင့် လူ့အသိုင်းအဝိုင်းတို့၏ စိတ်ကျန်းမာရေး ကောင်းမွန်ရေးအတွက် အကြံဉာဏ်ပေးမှုဝန်ဆောင်မှုများနှင့် အသိပညာပေးလှုပ်ရှားမှုများမှတဆင့် ပါဝင်ကူညီနိုင်မည့် အခွင့်အရေးတရပ်လည်းဖြစ်ပါသည်။ […]

ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနား

၁၉ရက်၊ ဇွန်လ၊ ၂၀၂၆ ခုနှစ် (သောကြာနေ့) တွင်ကျရောက်သော အမေစု အသက် (၈၁)ပြည့် မွေးနေ့ အထိမ်းအမှတ် ပွဲအား 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 မှ ကြီးမှူး၍ ထိုင်းနိုင်ငံ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ် ပျောက်ကွယ်ရေး၊ တိုင်းရင်း သား အားလုံး တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်တို့အတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသော ကျဆုံး လေပြီးသော အာဇာနည်ခေါင်းဆောင် များအား ဂုဏ်ပြုသောအားဖြင့် ငြိမ်သက် အလေးပြုခြင်းပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 ၏ 𝗙𝗼𝘂𝗻𝗱𝗲𝗿 ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခြင်းနှင့် အမေစု နှင့် ပတ်သတ်ပြီး မြန်မာပြည်သူများ အတွက် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ […]

error: Content is protected !!