𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၇) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ရက်စွဲ။ ။ဖေဖော်ဝါရီလ (၂) ရက် ၊ ၂၀၂၅ ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသော မြန်မာပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်း မှ “အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းအပတ်စဉ် (၇၇) အတွက် သင်တန်းသား/သူ အသစ် (၁၀) ဦး ထပ်မံခေါ်ယူ သွားမည်ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမူမရှိဘဲ အမျိုးသမီးများနှင့် အမျိုးသားများအားလုံး ဝင်ရောက် လျှောက်ထားနိုင်ပါသည်။ သို့ပါ၍ ယခုသင်တန်းအား စိတ်ပါဝင်စားသော လျှောက်လွှာရှင်များ အနေဖြင့် သင်တန်းတက်ရောက်နိုင်ရန်‌ ဖေဖော်ဝါရီလ(၁၂) ရက်နေ့ ၊ ညနေ (၅) နာရီနောက်ဆုံးထား၍ ဂူဂဲလ် (googleform) လင့်ခ် မှတစ်ဆင့် […]

အွန်လိုင်းထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဥ် (၁၉) အတွက် သင်တန်းသား ခေါ်ယူခြင်း

ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေ ရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ အခြေခံ ထိုင်းဘာသာ စကားပြော (အွန်လိုင်း) သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက် နေ့မှစတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၁၉) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၃) လ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများ လျှောက်ထားနိုင်ပါသည်။ ထိုင်းဘာသာစကားသင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း အွန်လိုင်း (𝗭𝗼𝗼𝗺 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻) မှတဆင့်သင်ကြားပေးသွားမည်ဖြစ်ပါ၍ […]

မဲဆောက်ရဲစခန်းမှ သေနတ်ပစ်ခံရသော ရဲတပ်ကြပ်ကြီးအတွက် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီး၍ သွေးလှူဒါန်းခြင်း

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ၊ မယ်ကုရပ်ကွက်တွင် တရားမဝင်ပစ္စည်းများ ဖမ်းဆီးစဉ် တရားခံ (၁) ဦး၏ ပစ်ခတ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သော မဲဆောက်ရဲစခန်းမှ ရဲတပ်ကြပ်ကြီး (စေ့က်ဆန် ထန်းကား- Police Senior Sergeant Major Mr. Saksan Htankar) အတွက် New Myanmar Foundation မှ ဦးစီး၍ သွေးအလှူရှင် (၆) ဦးမှ ဇန်နဝါရီလ (၂၁) ရက်နေ့တွင် သွေးလှူဒါန်းခြင်း အစီအစဉ်အား ပြုလုပ်ခဲ့ပါသည်။

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၆) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၁၃ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၇၅)အတွက် သင်တန်းသား/သူ အသစ် (၁၀)ဦး ထပ်မံခေါ်ယူ သွားမည်ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမူမရှိဘဲအမျိုးသမီးများနှင့်အမျိုးသားများ အားလုံးဝင်ရောက်လျှောက်ထားနိုင်ပါသည်။ သို့ပါ၍ယခုသင်တန်းအားစိတ်ပါဝင်စားသောလျှောက်လွှာရှင်များအနေဖြင့်သင်တန်းတက်ရောက် နိုင်ရန်‌ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဇန်နဝါရီလ (၃၀) ရက်နေ့ထိ၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (googleform)လင့်ခ်မှတစ်ဆင့်ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်ပြီဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။ ကြိုတင်အသိပေးကြော်ငြာချက် ********************************* • သင်တန်းလျှောက်ထားမည့်သူများသည် လျှောက်လွှာခေါ်ယူသည့် Google Form တွင် ပါရှိသော သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ပထမဦးစွာ သေချာဖတ်ရှုပြီး မိမိတို့ […]

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၆) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက် မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၁၆) သင်တန်းကို လာမည့် (၂ ရက် ဖေဖော်ဝါရီလ မှ ၂၆ ရက် ဖေဖော်ဝါရီလ ၂၀၂၆ ခုနှစ် )အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေး လုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ […]

𝟬𝟮-𝟎𝟭-𝟐𝟎𝟐𝟲 မှ 𝟭𝟮-𝟬𝟭-𝟐𝟎𝟐𝟲 အတွင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 စိုက်ပျိုးရေးခြံမှထွက်ရှိသော ဟင်းသီးဟင်းရွက်များ စုစုပေါင်းလှူဒါန်းမှုများ

2 . 1 . 2026 ရက်နေ့တွင် စိုက်ပျိုးရေးခြံမှ ထွက်ရှိသော – မှို – 7.5 kg ၊ ဘူးသီး – 50 kg ၊ ကန်စွန်းရွက် – 20 ၊ ချဉ်ပေါင် – 13 kg ၊ သခွါးသီး – 100 kg ၊ ဗုံလုံသီး – 17 kg နှင့် ခရမ်းသီး – 25 စုစုပေါင်း = 232 . 5 kg အား ( Mae Tao Clinic ) သို့ လူဦးရေ […]

လူ့အခွင့်အရေး အခြေခံအသိအမြင်နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေး အွန်လိုင်းသင်တန်း အပတ်စဉ် (၁/၂၆) အတွက် သင်တန်းသားများခေါ်ယူခြင်း

နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့မှ (၂၇) ရက်နေ့အထိ (စနေနေ့ နှင့် တနင်္ဂနွေ မပါ) လူ့အခွင့်အရေးအမြင်ဖွင့်သင်တန်း နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာပေးသင်တန်း အပတ်စဉ် (၁/၂၀၂၆) အား Zoom Platform ကို အသုံးပြု၍ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ လူ့အခွင့်အရေးအခြေခံနှင့် ဒီဂျစ်တယ် ဘေးကင်းလုံခြုံရေးသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Google Form တွင် Register ပြုလုပ်ခြင်းဖြင့် ပါဝင်တက်ရောက်နိုင်ပါသည်။ ဤသင်တန်းအစီအစဉ်၌ လူ့အခွင့်အရေးအမြင်ဖွင့်အသိပညာပေးခြင်း နှင့် ဒီဂျစ်တယ်ဘေးကင်း လုံခြုံရေး ဟူ၍ အပိုင်း(၂)ပိုင်း ပါဝင်ပါသည်။ ဖွင့်လှစ်ပို့ချမည့် သင်တန်းအချိန်ဇယားကို သေချာစွာဖတ်ရှု၍ တက်ရောက်လိုသူများသည် ဤလျှောက်လွှာပုံစံကို ဖြည့်သွင်းကြရပါမည်။ သင်တန်းအချိန်ဇယားတွင် ဖော်ပြထားသည့်အတိုင်း ယခုသင်တန်းအပတ်စဉ်သည် သင်တန်းရက်ရှည် […]

“ရုပ်ရှင်ကြည့်ရင်း လက်ဆောင်ယူရင်း “ အခမ်းအနား ကျင်းပပြုလုပ်ခြင်း။

စစ်ကောင်စီ၏ တရားမျှတမှုမရှိသော ရွေးကောက်ပွဲအား ဆန့်ကျင်န္ဒပြသော အနေဖြင့် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီး၍ တော်လှန်ရေးမိသားစုများနှင့်အတူ ထိုင်းနိုင်ငံ မဲဆောက်မြို့ တစ်နေရာတွင် “ရုပ်ရှင်ကြည့်ရင်း လက်ဆောင်ယူရင်း “ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တော်လှန်အနုပညာရှင်များ၏ သီချင်းများဖွင့်ခြင်း၊ ဖြစ်ရပ်မှန် ဇာတ်လမ်း များပြသခြင်း၊ တက်ရောက်လာသော ဧည့်သည်တော်များမှ ရွေးကောက်ပွဲနှင့် ပတ်သတ်သော အကြောင်းအရာများ နှင့် ရင်တွင်းခံစာချက်များအားမျှဝေခြင်း နှင့် လက်ဆောင်များပေးအပ်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော ဧည်သည့်တော်များအား အအေး နှင့် မုန့်များဧည့်ခံကာ နောက်ဆုံးအနေဖြင့် ကမ္ဘာမကြေဘူး သီချင်းအား သံပြိုင်သီဆို၍ စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်အားဆန့်ကျင်ကြောင်းနှင့် တော်လှန်ရေးတွင် မိမိတို့ တက်နိုင်သလောက် ပါဝင်သွားမည် ဖြစ်ကြောင်းပြောကြား၌ အခမ်းအနားအား ပိတ်သိမ်းခဲ့ပါသည်။

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭: 𝐑𝐞𝐣𝐞𝐜𝐭𝐢𝐨𝐧 𝐨𝐟 𝐭𝐡𝐞 𝐌𝐢𝐥𝐢𝐭𝐚𝐫𝐲 𝐂𝐨𝐮𝐧𝐜𝐢𝐥’𝐬 𝐒𝐡𝐚𝐦 𝐄𝐥𝐞𝐜𝐭𝐢𝐨𝐧

Election to be held soon is not free, fair nor inclusive. It is just a sham election. Political prisoners including Daw Aung San Suu Kyi are still under detention, daily airstrikes are killing innocent civilians, and no dialogue has been in place. In this context, it will just prolong the military rule and fan the […]

error: Content is protected !!