𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၈) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂ရက်နေ့မှ ၁၃ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၇၈)အတွက် သင်တန်းသား/သူ အသစ် (၁၀)ဦး ထပ်မံခေါ်ယူ သွားမည် ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမူမရှိဘဲအမျိုးသမီးများနှင့်အမျိုးသားများ အားလုံး ဝင်ရောက် လျှောက် ထားနိုင်ပါသည်။ သို့ပါ၍ယခုသင်တန်းအားစိတ်ပါဝင်စားသောလျှောက်လွှာရှင်များအနေဖြင့်သင်တန်းတက်ရောက် နိုင်ရန်‌မတ်လ (၂) ရက်နေ့မှ မတ်လ(၁၂) ရက်နေ့ထိ၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (𝗚𝗼𝗼𝗴𝗹𝗲-𝗳𝗼𝗿𝗺)လင့်ခ်မှတစ်ဆင့်ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်ပြီဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။ ကြိုတင်အသိပေးကြော်ငြာချက် သင်တန်းလျှောက်ထားမည့်သူများသည် လျှောက်လွှာခေါ်ယူသည့် 𝗚𝗼𝗼𝗴𝗹𝗲-𝗳𝗼𝗿𝗺 တွင် ပါရှိသော သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ပထမဦးစွာ သေချာဖတ်ရှုပြီး မိမိတို့ […]

တနိုင်ငံတည်း ဩဇာလွှမ်းမိုးခြင်း ( Part 3)

ပြင်းပြသော မေတ္တာ ဩဇာလွှမ်းမိုးမှုနယ်ပယ်တခုတည်းသာရှိသော ကမ္ဘာသည် အန္တရာယ်များကို သယ်ဆောင် လာသော်လည်း၊ အမေရိကန်ပြည်ထောင်စုအတွက် သမိုင်းဝင်အင်အားတောင့်တင်းမှု အနေ အထားမှနေ၍ နိုင်ငံတကာအစီအစဉ်ကို ပြန်လည်ပြင်ဆင်ရန် ရှားပါးသောအခွင့်အရေး တခုကို လည်း ပေးအပ်ထားသည်။ မာဒူရို (Maduro) ကို ဖယ်ရှားနိုင်ခဲ့ခြင်းက ထိုအင်အားသည် ဘယ်အရာကို အကောင်အထည်ဖော်နိုင်သည်ကို ပြသခဲ့သည်။ နာရီပိုင်းအတွင်းမှာပင် ဝါရှင်တန် သည် နိုင်ငံကိုဖျက်ဆီးသည့် မူးယစ်ဆေးဝါးနှင့် သူခိုးအစိုးရ (narco-kleptocrat) ကို ဖြုတ်ချခဲ့ သည်၊ ပိတ်ဆို့အရေးယူမှုများအား ရှောင်တိမ်းသည့် ဗဟိုချက်တခုကို ပိတ်ပစ်ခဲ့သည်၊ ထို့ပြင် အနောက်ကမ္ဘာခြမ်းတွင် တရုတ်နှင့် ရုရှားတို့၏ သြဇာလွှမ်းမိုးမှုရှိသည်ဆိုသော ဒဏ္ဍာရီကိုလည်း ချေဖျက်နိုင်ခဲ့သည်။ ၎င်းသည် အာဏာရှင်ဝင်ရိုးတန်း၏ ပကတိအခြေအနေကိုလည်း ဖော်ထုတ် ပြသခဲ့သည်။ အာဏာရှင်နိုင်ငံများ၏ မဟာမိတ်ဖွဲ့မှုမှာ တန်ဖိုးထားမှုများ သို့မဟုတ် […]

𝐀𝐦𝐞𝐫𝐢𝐜𝐚 𝐚𝐧𝐝 𝐂𝐡𝐢𝐧𝐚 𝐚𝐭 𝐭𝐡𝐞 𝐄𝐝𝐠𝐞 𝐨𝐟 𝐑𝐮𝐢𝐧 – 𝐏𝐚𝐫𝐭 – 𝟐

ပထမအကျော့ ကျွန်ုပ်တို့နှစ်ဦးစလုံးသည် ဤကဲ့သို့သောအခြေအနေမျိုးကို ယခင်က မြင်တွေ့ခဲ့ဖူးပါသည်။ ကျွန်ုပ်တို့နှစ်ဦးစလုံးသည် အသက် ၈၀ အရွယ်သို့ ချဉ်းကပ်နေပြီဖြစ်ပြီး အမေရိကန်နှင့် တရုတ်တို့ အကြား ရန်လိုမှုသည် စိတ်ကူးယဉ်သက်သက်မဟုတ်ဘဲ စစ်ပွဲများ၊ ဝါဒရေးရာ မုန်းတီးမှုများနှင့် နျူကလီးယားကြောင့် ပျက်စီးပြုန်းတီးမည့် ဘေးအန္တရာယ်များအဖြစ် လက်တွေ့ခံစားခဲ့ရသည်ကို မှတ်မိနေကြပါသည်။ ဤအရွယ်ရှိ အမေရိကန်လူမျိုးများအတွက် ကိုရီးယားကျွန်းဆွယ်စစ်ပွဲတွင် တရုတ်နိုင်ငံနှင့် ၎င်း၏မဟာမိတ် မြောက်ကိုရီးယားတို့ကို စစ်မြေပြင် ရန်ဘက်များအဖြစ် အခိုင် အမာ ပုံဖော်ခဲ့သဖြင် အမျိုးသားရေး စိတ်ဒဏ်ရာတခုဖြစ်ခဲ့ရသည်။ လူအများအပြားသည် ချစ်ခင်ရ သူများနှင့် သူငယ်ချင်းများကို ဆုံးရှုံးခဲ့ကြရသည်။ ကိုရီးယားကျွန်းဆွယ်မှ တိုက်ပွဲများအတွင်း အမေရိကန်စစ်သည် ၃၀,၀၀၀ ကျော် သေဆုံးခဲ့သည်။ စစ်ပွဲကြောင့် ဆယ်စုနှစ်များစွာကြာအောင် ပညာရေး၊ မီဒီယာနှင့် လူမှုဘဝတို့တွင် သံသယကြီးထွားစေသည့် နိုင်ငံရေးယဉ်ကျေးမှုတခု အမြစ် […]

နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၇၆) သင်တန်းဆင်းပွဲ

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New MyanmarFoundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၇၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့ညနေ (၀၃:၃၀)နာရီတွင် ထိုင်းမြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံ မော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၆)ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၆)ယောက်၊ သင်တန်းသား (၅)ယောက် စုစုပေါင်း(၁၁)ဦးရှိပါသည်။ သင်တန်းဆင်းပွဲတွင် ပထဦးစွာ သင်တန်းဆရာမဒေါ်မေသန္တာလှိုင် မှ သင်တန်းသား/ သူများအား သင်တန်းပြီးဆုံးသွားသော်လည်း မိမိတို့အချင်းချင်း ညီအစ်ကိုမောင်နှမအရင်းသဖွယ် ရှေ့ဆက်ခင်မင်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စက်ချုပ်ပညာရပ်နှင့်ပတ်သတ်၍ လိုအပ်လာပါကလည်း ဆရာမထံ အကူအညီ တောင်းခံနိုင်ပါကြောင်း၊ မဲဆောက်ရောက် မြန်မာပြည်သူများအတွက်လည်း မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များဖြင့် ပြန်လည်အကျိုးပြုကြစေလိုကြောင်းနှင့် လုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါတွင်လည်း ကြိုးစားပြီး ဖြစ်ဖြစ် မြောက်မြောက် ထိထိရောက်ရောက် လုပ်စေလိုကြောင်း […]

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (𝐍𝐂𝐆𝐔𝐁) ဝန်ကြီးချုပ် ဟောင်း ဒေါက်တာစိန်ဝင်း၏ နာရေး နှင့် (၁၈) နှစ်မြောက် ကျဆုံးသွားသော 𝐊.𝐍.𝐔 အထွေထွေ အတွင်းရေးမှူးဟောင်း ဗဒိုမန်းရှာလားဖန်း တို့အတွက် အောက်မေ့သတိရဖွယ် အထိမ်းအမှတ် ကျင်းပခြင်း။

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 ဒေါက်တာစန်းအောင်မှ ဦးစီး၍ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (𝗡𝗖𝗚𝗨𝗕) ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း၏ နာရေး နှင့် (၁၈) နှစ်မြောက် ကျဆုံးသွားသော 𝗞.𝗡.𝗨 အထွေထွေ အတွင်းရေးမှူးဟောင်း ဗဒိုမန်းရှာလားဖန်း တို့အတွက် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း နှင့် ကြွရောက်လာသော ဧည့်သည်တော်များမှ တရားနာယူခြင်း အခမ်းအနားအား ထိုင်း-မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားများ၏ တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အရေး အဆက်ဆက်တွင် […]

(၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ကြီးမှူး၍ ကျင်းပပြုလုပ်ခဲ့ခြင်း။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ကြီးမှူး၍ (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ နှင့် ခေတ်အဆက်ဆက် ကျဆုံးခဲ့သော အမျိုးသားခေါင်းဆောင်များအား ဂုဏ်ပြုအလေးပြုခြင်း၊ ဒီမိုကရေစီရရှိရေး၊ အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ တိုင်းရင်းသားအားလုံးတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အတွက် အသက်ပေး တိုက်ပွဲဝင်သွားကြသော အာဇာနည်ကြယ်ပွင့်များအား ဂုဏ်ပြုအလေးပြုခြင်း များပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 𝗗𝗿.𝗦𝗮𝗻𝗻 𝗔𝘂𝗻𝗴 မှ အဖွင့် အမှာစကား ပြောကြား၍ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ အမြဲတမ်း ဗဟိုကော်မတီဝင် ခူးရေမွန်ထူး […]

( ၇၉ )နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာ

မြန်မာပြည်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွနေထိုင်ခဲ့ကြသော တိုင်းပြည်ဖြစ်ပါသည်။ ဘာသာ မရွေး၊ လူမျိုးမရွေး ချစ်ကြည်ရင်းနှီးစွာဖြင့် ရှေးပဝေသဏီက အစပြု၍ အတူယှဉ်တွဲငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြပါသည်။ တိုင်းရင်းသားလူမျိုးများသည် ကိုယ့်ဒေသအသီးသီးတွင် မိမိတို့ဓလေ့ထုံးတမ်းအရ လူနေမှုစံနစ်များကို တည်ထောင်ကာ လွတ်လပ်စွာရပ်တည်၊ နေထိုင်ခဲ့ကြပါသည်။ သို့သော် ပဒေသရာဇ်ခေတ်အဆက်ဆက်တွင် လူမျိုးအချင်းချင်း တိုက်ခိုက် သိမ်းပိုက်၊ လက်အောက်ခံအဖြစ် အုပ်ချုပ်စိုးမိုးမှုများလည်း ရှိခဲ့ပါသည်။ ကိုလိုနီခေတ်တွင်လည်း ကျွန်ပြုအုပ်ချုပ်မှု၊ သွေးခွဲအုပ်ချုပ်မှုများအပြင် အိန္ဒိယအုပ်ချုပ်ရေးထဲ ထည့်သွင်းမှု၊ ပြန်လည်ခွဲထုတ်မှုများတွင် နယ်နမိတ်များကို အုပ်ချုပ်ရေးနှင့် ကုန်သွယ်ရေးအဆင်ပြေမှု အပေါ်တွင် မူတည်၍ ရွေးဆွဲခဲ့မှု များကြောင့် တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးများဆုံးရှုံးခဲ့ရပါသည်။ ညီညွတ်ရေး ပျက်ပြားခဲ့ပါသည်။ လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း အမျိုးသားခေါင်းဆောင်ကြီး ဦးအောင်ဆန်း ဦးစီးကာ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပင်လုံညီလာခံတွင် ဆွေးနွေးညှိနှိုင်းကာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြပါသည်။ အနှစ်သာရမှာ […]

လူ့အခွင့်အရေးအစီအစဥ်၏ 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗼𝗿 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

အသေးစိတ် သိရှိလိုပါက 𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁 𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲 𝗘𝗺𝗮𝗶𝗹 – contact@newmyanmarfoundation.org ထံသို့ ရုံးဖွင့်ရက်များဖြစ်သော တနင်္လာမှ သောကြာ ( မနက် ၉ နာရီ မှ ညနေ ၅ နာရီအတွင်း ) စုံစမ်းမေးမြန်းနိုင်ပါသည်။

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၇) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၁၇) သင်တန်းကို လာမည့် (၄ ရက် မတ်လ မှ ၂၈ ရက် မတ်လ ၂၀၂၆ ခုနှစ် )အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေး လုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်း ကောင်းပါးအပ်ပါသည်။ မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး ၊ ငရုတ်သီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး နှင့် […]

စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 𝐟𝐨𝐫 𝐫𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩)

မင်္ဂလာ နှစ်သစ်ပါခင်ဗျာ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်ဓာတ်စွမ်းအား မြှင့််တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲအား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ လစဉ်ကျင်းပပြုလုပ်လျှက်ရှိရာ ၂၀၂၆ ဖေဖော်ဝါရီလ အတွက် သင်တန်း ထပ်မံ ဖွင့်လှစ် သွားမည်ဖြစ်၍ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက် နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် သင်တန်း၏ အဓိက ရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ထွက်ပြေးရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဓါတ်စွမ်းရည်မြှင့်တင်ရန်နှင့် စိတ်ဓါတ်ခွန်အား၏ အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်း အသိပညာပျံနှံ့စေရန် ရည်ရွယ်ပါသည်။ […]

error: Content is protected !!