𝐂𝐨𝐧𝐝𝐞𝐦𝐧𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐭𝐡𝐞 𝐓𝐞𝐫𝐫𝐨𝐫𝐢𝐬𝐭 𝐌𝐢𝐥𝐢𝐭𝐚𝐫𝐲’𝐬 𝐀𝐞𝐫𝐢𝐚𝐥 𝐀𝐭𝐭𝐚𝐜𝐤 𝐨𝐧 𝐌𝐲𝐚𝐮𝐤 𝐎𝐨 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥

On December 10th—International Human Rights Day—the public hospital in Myauk Oo, Rakhine State, was struck by an aerial attack at approximately 10:00 PM. The bombardment resulted in mass civilian casualties. According to the latest reports, 33 people were killed (16 men and 17 women), 27 others were severely injured (18 men and 9 women), and […]
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နယူးမြန်မာဖောင်ဒေးရှင်းမှဦးစီး၍ (၇၇) နှစ်မြောက် လူ့အခွင့် အရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့၌ နယူးမြန်မာ ဖောင်ဒေးရှင်း (𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) မှ ဦးဆောင်ပြီး 𝐓𝐡𝐞 𝐒𝐩𝐚𝐜𝐞 𝐘𝐨𝐮𝐭𝐡 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐞𝐫 ၊ 𝐁𝐫𝐢𝐝𝐠𝐞 𝐨𝐟 𝐏𝐞𝐚𝐜𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 နှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကူညီမှုဖြင့် (၇၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားအား ကျင်းပပြုလုပ် ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် နယူးမြန်မာဖောင်ဒေးရှင်း၏ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 ဒေါက်တာစန်းအောင် မှ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပြီး မယ်တော်ဆေးခန်း၏ အကြီးအကဲဆရာမကြီး ဒေါက်တာစင်သီယာမောင်မှ ဗီဒီယိုဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကာ အမျိုးသားညီညွတ်ရေး အစိုးရ(𝐍𝐔𝐆), တရား ရေးရာ၀န်ကြီး ဦးသိန်းဦး၊ […]
ထိုင်းနိုင်ငံ ဖခင်များနေ့ နှင့် နတ်ရွာစံထိုင်းဘုရင်မင်းမြတ်မွေးနေ့သဝဏ်လွှာ

ယနေ့သည် ထိုင်းနိုင်ငံ၏ ဖခင်များနေ့ Father’s Day ဖြစ်ပြီး ထိုင်းပြည်သူ အများလေးစား လှသည့် နတ်ရွာစံခဲ့ပြီးဖြစ်သည့် ထိုင်းဘုရင်မင်းမြတ် Bhumibol Adulyadej (Rama IX)၏ မွေးနေ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။ ထိုင်းဘုရင်ကြီးသည် တိုင်းသူပြည်သားများအပေါ် မင်းကျင့် တရား(၁၀)ပါးနှင့်အညီ သနားကြင်နာခြင်း၊ ဂရုဏာတရား၊ မေတ္တာထားကာ ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်ခဲ့သဖြင့် ထိုင်းပြည်သူတရပ်လုံး တိုးတက်၊ ချမ်းသာ၊ တည်ငြိမ်၊ အေးချမ်းခဲ့ပါသည်။ ထိုသို့လုပ်ဆောင်မှုများအားလုံးသည် ကွယ်လွန်သူထိုင်းမိဖုရားကြီးသီရိခေတ် ပံ့ပိုးကူညီ၊ ပါရမီဖြည့် ခဲ့မှုများကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဤမွေးနေ့အခါသမယတွင် ကွယ်လွန်သူထိုင်းဘုရင်ကြီးနှင့်မိဖုရားကြီးတို့ ကောင်းရာဘုံဘဝသို့ ရောက်ရှိစံစားနိုင်ပါစေကြောင်းနှင့် ယနေ့စိုးစံအုပ်ချုပ်နေသော ထိုင်းဘုရင်ကြီး နှင့် ကြင်ယာတော်မိဖုရားကြီးတို့လည်း ထိုင်းပြည်သူများနှင့်အတူ ကျန်းမာချမ်းသာ၍ အသက်ရာ ကျော်ရှည်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻
စစ်ဘေးရှောင်များအတွက် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှကူညီဆောင်ရွက်ပေးမှု

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ့်ကုကင်းကျေးရွာတွင် နိုဝင်ဘာလ ၂၆၊ ၂၇ နှင့် ၂၈ ရက်များကြား ဖြစ်ပွားခဲ့သော မင်းလက်ပံ တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရသူများထဲမှ အသက် ၆၀ နှင့်အထက် ပြည်သူများ နှင့် ကလေးသူကလေးငယ်များအတွက် ရာသီဥတုအအေးဒဏ်ကြောင့် အရေးပေါ်လိုအပ်နေသည့် စောင် (၉၃) ထည်ကို 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 အနေဖြင့် သွားရောက်လှူဒါန်းပေးခဲ့ပါသည်။
စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၄) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၁၄) သင်တန်းကို လာမည့် (၁ ရက် ဒီဇင်ဘာလ မှ ၂၇ ရက် ဒီဇင်ဘာလ)အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး ၊ ငရုတ်သီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး နှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ရာ […]
၇၇ နှစ်မြောက် လူ့အခွင့်အရေးနေ့အခမ်းအနား ကြေညာချက်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက် လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် နယူးမြန်မာဖောင်ဒေးရှင်းမှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ အခမ်းအနားကျင်းပပြုလုပ်မည့် ရက်စွဲ။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် (ဗုဒ္ဓဟူးနေ့) အခမ်းအနား တည်နေရာ။ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ အခမ်းအနားကျင်းပမည့် အချိန်။ နံနက် ၈:၃၀ နာရီ မှ နေ့လယ် ၁၂ နာရီ အထိ။ အခမ်းအနား၏ရည်ရွယ်ချက်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်သော (၇၇) ကြိမ်မြောက် လူ့အခွင့်အရေးနေ့ကို ကြိုဆိုရန်၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ကြိုးပမ်းနေကြသော မြန်မာနိုင်ငံမှ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့်တကွ […]
𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝘀𝗲𝘀𝘀𝗶𝗼𝗻 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် 𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝘀𝗲𝘀𝘀𝗶𝗼𝗻 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ အပတ်စဥ◌် ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေနေ့ များတွင် မနက် (၁၀နာရီမှ ညနေ ၄နာရီ) အတွင်းပြုလုပ်ပေးလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိကြုံတွေ့ရသော အခြေအနေ စိတ်ခံစားချက်များကို ရင်ဖွင့်ပြောကြားလိုပါက လွတ်လပ်စွာနှင့် လုံခြုံစိတ်ချစွာ ရင်ဖွင့်ဆွေးနွေးနိုင်ကြောင်း နွေးထွေးစွာ ကြိုဆိုလိုက်ရပါတယ်ခင်ဗျ။ ရည်ရွယ်ချက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ […]
နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (70) သင်တန်းဆင်းပွဲ

၂၀၂၅ခုနှစ်၊နိုဝင်ဘာလ(3)ရက်နေ့မှနိုဝင်ဘာလ(၁၄) ရက်နေ့အထိ(၁၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော New Myanmar Foundation ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာ စက်ချုပ်သင်တန်း အပတ်စဉ် (၇၀) သင်တန်းဆင်းပွဲ အခမ်းအနားကို၂၀၂၅ခုနှစ်၊ နိူဝင်ဘာလ(14)ရက်နေ့ ညနေ(၀၁: ၀၀) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ နယူးမြန်မာ ဖောင်ဒေးရှင်း၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံစက်ချုပ်သင်တန်း အပတ်စဉ်(၇၀)ကိုတက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၈)ယောက်၊ သင်တန်းသား(၂) ယောက် စုစုပေါင်း (၁၀) ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ သင်တန်းဆရာမ ဒေါ်မေသန္တာလှိုင်း မှ သင်တန်းသား/သူများအား သင်တန်းပြီးဆုံး သွားသော်လည်း မိမိတို့အချင်းချင်း ညီအစ်ကိုမောင်နှမ အရင်းသဖွယ် ရှေ့ဆက်ခင်မင်သွားကြပြီး တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းကြရန်နှင့် စက်ချုပ် ပညာရပ်နှင့် ပတ်သတ်၍ လိုအပ်လာပါကလည်းဆရာမထံအကူအညီတောင်းခံနိုင်ပါကြောင်း၊ မဲဆောက်ရောက် မြန်မာပြည်သူများအတွက်လည်း မိမိတို့တတ်မြောက်ထားသည့်ပညာရပ်များဖြင့်ပြန်လည်အကျိုးပြုကြစေလိုကြောင်းနှင့်လုပ်ငန်းခွင်သို့ဝင်ရောက်သည့်အခါတွင်လည်း ကြိုးစားပြီး ဖြစ်ဖြစ် […]
နယူးမြန်မာဖောင်ဒေးရှင်း (𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧) ၏ အလုပ်အကိုင်ချိတ်ဆက်ပေးရေး တာဝန်ခံ ခေါ်ယူခြင်း

ရာထူး – အလုပ်အကိုင်ချိတ်ဆက်ပေးရေးတာဝန်ခံ (Job Facilitation Officer) အဖွဲ့အစည်း – New Myanmar Foundation (NMF) တည်နေရာ – မဲဆောက်မြို့၊ ထိုင်းနိုင်ငံ ပုံမှန်လစာ – အလုပ်အကိုင်ချိတ်ဆက်ပေးနိုင်သူ တဦးလျှင် ၆၀၀ဘတ်နှုန်းဖြင့် တလလျှင် (၂၀)ဦးခန့် လျှောက်လွှာလက်ခံမည့် ကာလ – ၁၂.၁၁.၂၀၂၅ မှ ၁၉.၁၁.၂၀၂၅ အထိ အစီရင်ခံရမည့်သူ- Project Manager နယူးမြန်မာဖောင်ဒေးရှင်းသည် ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ ဆောင်ရွက်လျက်ရှိနေသော မဲဆောက်တွင် နေထိုင်နေကြသည့် မြန်မာပြည်သူ/သားများအား အလုပ်အကိုင်အခွင့်အလမ်း ချိတ်ဆက်ကူညီပေးခြင်း အစီအစဉ် အတွက် တာဝန်ခံတစ်ဦး လိုအပ်လျက်ရှိပါသည်။ စိတ်အားထက်သန်ပြီး အောက်ပါအရည်အချင်းများနှင့် ကိုက်ညီမှု ရှိသော မဲဆောက်ရှိ မည်သူမဆို လျှောက်ထားနိုင်ပါသည်။ လုပ်ကိုင်ရမည့် […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီး၍ စုပေါင်းဘုံကထိန် နှင့် နိဗ္ဗာန်ဈေး အခမ်းအနားကျင်းပပြုလုပ်ခြင်း

(၄.၁၁.၂၀၂၅) ခုနှစ် တန်ဆောင်မုန်းလပြည့်နေ (အင်္ဂါနေ့) တွင် New Myanmar Foundation မှ ဦးစီး၍ စုပေါင်းဘုံကထိန် နှင့် နိဗ္ဗာန်ဈေး အခမ်းအနားအား မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ မနက်ပိုင်း အခမ်းအနား အစီအစဉ်အရ New Myanmar Foundation နှင့် အိမ်ယာအတွင်း နေထိုင်သူမိသားစုများ မှ ပူပေါင်း လှူဒါန်းကြသော ကထိန်လှူဖွယ်ပစ္စည်းများအား ပဒေသာပင် ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် နေ့လည် ပိုင်းတွင် ဘုန်းကြီးကျောင်းသို့ လှူဖွယ် ပစ္စည်းများ ပို့ဆောင်၍ ကထိန် သင်္ကန်းကပ်လှူခြင်းနှင့် တရားနာခြင်းများပြုလုပ်ခဲ့ကြပါသည်။ ညနေပိုင်း အစီအစဉ်အရ New Myanmar Foundation နှင့် အိမ်ယာအတွင်း နေထိုင်သူမိသားစုများ မှ ပူပေါင်း၍ မြန်မာပြည် အလွမ်းပြေ […]