မွေးမြူရေးထောက်ပံ့မှု စီမံကိန်း၏ 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

Blossom Future သည် ၂၀၂၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့သည့် လုပ်ငန်း အစီအစဥ်များ ဆောင်ရွက်လျက်ရှိပါသည်။ ယခု ၂၀၂၆ ခုနှစ် ဇွန်လမှစ၍ မဲဆောက်ရောက် မြန်မာနိုင်ငံသားများ အတွက် အသေးစားမွေးမြူရေးလုပ်ငန်းစဉ်များ လုပ်ကိုင်နိုင်စေရန် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ရာ လုပ်ဆောင်မည့် နေရာဒေသများသို့ ကွင်းဆင်းကာ ဒေတာများ ကောက်ယူရန် ဝန်ထမ်း (Program Officer) လျှောက်လွှာများ ခေါ်ယူနေပါသည်။

ရာထူး Livestock Program Officer

လျှောက်လွှာလက်ခံမည့်ကာလ ၈ ရက်၊ မေလ ၂၀၂၆ မှ ၁၇ ရက်၊ မေလ ၂၀၂၆ အထိ။

နေရာ ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့

အစမ်းခန့်ကာလ (၁)လ

အစမ်းခန့်လစာ ၁၁၀၀၀ ဘတ်

ပုံမှန်လစာ ၁၂,၀၀၀ ဘတ်

Project ကာလ ၉ လ(၂၀၂၆၊ ဇွန်လမှ ၂၀၂၇၊ ဖေဖော်ဝါရီလ အထိ)

အစီရင်ခံရမည့်သူ Program Manager

ခန့်အပ်မည့်ဦးရေ (၁) ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————-

Blossom Future မှ ထောက်ပံ့ပေးမည့် အသေးစားမွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းစဉ်အတွက်

📍 Community Volunteer များနှင့် ချိတ်ဆက်၍ မဲဆောက်မြို့အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်း ကာ Program အကြောင်းရှင်းပြခြင်း နှင့် စိတ်ပါဝင်စားသူများအား လျှောက်လွှာလျှောက်ထားနိုင် ရန်အတွက် ကူညီဆောင်ရွက်ပေးရမည်။

📍 ရွေးချယ်ခံရသော မိသားစုဝင်များ၏ လိုအပ်သော Data အချက်အလက်ကောက်ခံခြင်း၊ ၎င်းတို့၏ တည်နေရာများအားစုစည်းကာ Mapping Report အတွက် လိုအပ်သောဒေတာ စုဆောင်းခြင်းများ လုပ်ဆောင်ပေးရမည်။

📍 ရွေးချယ်ခံရသော မိသားစုဝင်များ၏ လုပ်ငန်းအခြေအနေ တိုးတက်မှုအခြေအနေ အသေးစိတ် အား Program Manager ထံသို့ အချိန်မီ တင်ပြရပါမည်။

📍 ပေးအပ်သည့်တာဝန်အား ကျေပွန်စွာ ထမ်းဆောင်ရပါမည်။

အတွေ့အကြုံလိုအပ်ချက်

————————-

📌 ဒေတာကောက်ခံမှုပိုင်းဆိုင်ရာ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံရှိရမည်။

📌 အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိရမည်။

📌 လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး လုပ်ငန်းလုပ်ကိုင်မည့် မိသားစုများအပေါ် စိတ်စေတနာ ထားကာ ကူညီဆောင်ရွက်ပေးနိုင်သူ ဖြစ်ရမည်။

📌 လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။

📌 အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူဖြစ်ရမည်။

📌 အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။

📌 အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

📌 လုပ်ငန်းကိစ္စရပ်များ နှင့် လုပ်ငန်းလုပ်ကိုင်မည့် မိသားစုများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။

📌 မဲဆောက်မြို့တွင်း နှံ့စပ်စွာသွားလာနိုင်သူ ဖြစ်ပါက ဦးစားပေးပါမည်။

📌 ကား၊ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————–

Cover letter နှင့် CV Form အား မြန်မာဘာသာဖြင့် contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။

📍 Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

📍 CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

📍 လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ်မေးမြန်းလိုပါက :

𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!