Announcement for Human Rights Documentation Training လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူခြင်းဆိုင်ရာသင်တန်း အပတ်စဉ် (၁/၂၆) အတွက် သင်တန်းသားများခေါ်ယူခြင်း

နေ့စွဲ။ ။ ဖေဖော်ဝါရီလ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။

နယူးမြန်မာဖောင်ဒေးရှင်းမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့မှ မတ်လ (၆) ရက်နေ့အထိ လူ့အခွင့်အရေးအဆင့်မြင့်သင်တန်း အပတ်စဉ် (၁/၂၀၂၆) အား Zoom Platform ကို အသုံးပြု၍ အွန်လိုင်းမှဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Google Form တွင် Register ပြုလုပ်ခြင်းဖြင့် ပါဝင်တက်ရောက်နိုင်ပါသည်။

ယခုသင်တန်းအပတ်စဉ်သည် သင်တန်းရက်ရှည် (၈) ရက် [မြန်မာစံတော်ချိန် နံနက် ၁၀ နာရီ – ၁၂ နာရီ၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ] ဖြစ်သည့်အတွက် သင်တန်းအချိန်ဇယားအတိုင်း တက်ရောက်နိုင်မည့်သူများသာ လျှောက်ထားပေးပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။

ဤသင်တန်းအပတ်စဉ် ၁/၂၆ လျှောက်လွှာခေါ်ယူခြင်းအတွက် လူဦးရေကန့်သတ်ထားပါသဖြင့် သတ်မှတ်စံနှုန်းများဖြင့် ရွေးချယ်စိစစ်သွားမည်ဖြစ်ပါသည်။

သင်တန်းသို့ လျှောက်ထားသူများအနက် ရွေးချယ်ခံရသူများကိုသာ ဆစ်ကနယ်/တယ်လီဂရမ်တို့မှတဆင့် သင်တန်းတက်ရောက်ရန် ပြန်လည် ဆက်သွယ်အကြောင်းကြားပါမည့်အကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

လျှောက်လွှာဖောင်ဖြည့်သွင်းရမည့် ပုံစံနှင့် ပတ်သက်၍ မရှင်းလင်းသည်များ၊ ထပ်မံသိရှိလိုသည်များ ရှိပါက Training Organizer ထံသို့ အောက်ဖော်ပြပါ ဆက်သွယ်ရန်လိပ်စာများမှတဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လျှောက်လွှာဖောင်လင့်ခ် – https://forms.gle/2qB6rgyf66bZYfqG7

လေးစားစွာဖြင့်-

Training Organizer

Signal: +66660621776

Email: hrd.trainingorganizer@newmyanmarfoundation.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!