အမေစု အသက် (၈၀)နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနား

၁၉ရက်၊ ဇွန်လ၊ ၂၀၂၅ ခုနှစ် (ကြာသပတေးနေ့) တွင်ကျရောက်သော အမေစု အသက် (၈၀)ပြည့် မွေးနေ့ အထိမ်းအမှတ် ပွဲအား New Myanmar Foundation မှ ကြီးမှူး၍ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် New Myanmar Foundation ၏ Executive Director မှ အမေစု နှင့် ပတ်သတ်ပြီး မြန်မာပြည်သူများ အတွက် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အရေးအား ကိုယ်ကျိုးမငဲ့ကွက်ပဲ ယခုအချိန်ထိ ပေးဆပ် ဆောက်ရွက်နေဆဲ ဖြစ်သည့် အတွက် အင်မတန် လေးစားထိုက်သူ ဖြစ်ကြောင်းနှင့် အမေစုအား ဂုဏ်ပြုသောအားဖြင့် ယခုအခမ်းအနားအား ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ မိမိတို့ဖက်မှလဲ တော်လှန်ရေးတွင် တက်နိုင်သလောက် ပါဝင်ကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။ အမေစု မတရားချုပ်နှောင် ဖမ်းဆီးခံရခြင်း မှလည်း အမြန်လွတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့၍ မွေးနေ့ ကိတ်ခွဲခဲ့ပါသည်။ တက်ရောက် လာသူများမှလည်း အမေစု မွေးနေ့ ဆုတောင်းစာများ ရေးသားခဲ့ကြပြီး အမှတ်တရ ဓါတ်ပုံံ ရိုက်ခဲ့ကြပါသည်။ အစီအစဉ် နောက်ဆုံးအဖြစ် New Myanmar Foundation မှ တက်ရောက် လာသူများအား ရေခဲမုန့် ဖြင့်ဧည့်ခံကျွေးမွေးခဲ့ပါသည်။

#nmf#suu80thbirthday

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!