𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 ပွင့်သစ်ဝေ ၏ အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၁၈) သင်တန်းဖွင့်ပွဲအခမ်းအနား

𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၈) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့၊ ညနေ (၃) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၄) ဦး နှင့် အမျိုးသား သင်တန်းသား (၈) ဦး စုစုပေါင်း (၁၂) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။

ပထမဦးစွာ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 မှ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 မှ ဤကဲ့သို့ စိုက်ပျိုးရေးသင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စိုက်ပျိုးရေးဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင် ရရှိအောင် စွမ်းဆောင်ရည် မြှင့်တင် ပေးသော သင်တန်းမျိုးလည်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် စပ်ဆိုင်သော လုပ်ငန်းခွင်များတွင်လည်း ဆက်စပ်၍ ကိုယ်တိုင် စိုက်ပျိုးရပ်တည်နိုင်အောင်လည်း ကြိုးစားသင်ယူသင့် ကြောင်း၊ အလုပ်ကိုင် အခွင့်အလမ်းများ ရရှိစေရန် အတွက်လည်း 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 အနေဖြင့် ဖော်ဆောင်ပေးနိုင်ရန် ကြိုးစား၍ ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်း တွင် စိတ်ပါဝင်စားစွာ သင်ယူလေ့လာကြစေလိုကြောင်း ၊ သင်တန်းပြီးဆုံးပြီးနော် မိမိတို့ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 မှ မြေငှားချပေးမည့် အစီအစဉ်တွင် ဝင်ရောက်လျှောက်ထားနိုင်ကြောင်း ပြောကြား ခဲ့ပါသည်။

Field Coordinator မှ စိုက်ပျိုးရေးသင်တန်းသို့ လာရောက်တက်ရောက်ကြသည့်အတွက် ကြိုဆို ကြောင်း၊ သင်တန်း ဖွင့်လှစ်ရခြင်းမှာ မဲဆောက်သို့ရောက်ရှိလာသောသူများ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုတက်ရောက်သွားစေရန်သာမက network တစ်ခု ရရှိသွားစေရန်လည်း ရည်ရွယ်ကြောင်း၊ သင်တန်းတက်ရောက်နေစဉ်အတွင်း အခတ်အခဲတစ်စုံတစ်ရာ ရှိပါက သင်တန်းတာဝန်ခံနှင့် သင်တန်း ဆရာကိုပြောနိုင်ကြောင်း၊ ထိုမျှမက သင်တန်းအတွင်း အဆင်မပြေမှုများ ရှိပါက 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿၊ 𝗠&𝗘 𝗼𝗳𝗳𝗶𝗰𝗲𝗿 နှင့် မိမိထံ ဆက်သွယ်ပြောဆိုနိုင်ကြောင်းနှင့် ယခုစိုက်ပျိုးရေး(၁)လ သင်တန်းကို ပြီးမြှောက်အောင်တက်ရောက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

Farm Manager မှ စိုက်ပျိုးရေးသင်တန်း အပတ်စဉ်(၁၈) ကို လာရောက်ပူးပေါင်းပါဝင် တက်ရောက် ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း၊ သင်တန်းသားများအားလုံး သင်တန်းပြီးဆုံးသည်အထိ ကြိုးစားတက်ရောက်သွားကြရန်လည်း မျှော်လင့်ကြောင်း၊ စိုက်ပျိုးရေးပညာဆိုတာ တကယ်လက်တွေ့ တွင်လည်း အသုံးချလိုရသည့်ပညာ ဖြစ်သည့်အတွက် သင်တန်းမှ ပို့ချသည့်သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားစေလိုကြောင်း ၊ သင်တန်းတက်ရောက်နေစဉ်ကာလတွင်လည်း သင်တန်းသားအချင်းချင်း ရိုင်းပင်းကူညီစေလိုကြောင်းပြောကြားခဲ့ပါသည်။

သင်တန်းတာဝန်ခံမှ စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၁၈) ကို တက်ရောက်လာကြသည့်အတွက် ကြိုဆိုကြောင်း၊ သင်တန်းကာလ (၂၂) ရက်အတွင်း စည်းကမ်းများကို လေးစားလိုက်နာရန်၊ သင်တန်းကာလအတွင်း မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန် ပြောကြားခဲ့ပါသည်။ ထို့ပြင် လက်တွေ့လုပ်ဆောင်ရာတွင်ဖြစ်ဖြစ်၊ သင်တန်းတွင်ဖြစ်ဖြစ် အခက်အခဲများ ကြုံရပါက သင်တန်းဆရာ နှင့် မိမိကို အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်းမှချမှတ်ထားသော စည်းကမ်းများကို လေးစား လိုက်နာရန်နှင့် ထပ်မံဖြည့်စွက်အနေဖြင့် ခွင့်မဲ့ပျက်ကွက်ခြင်းနှင့် ပါတ်သက်သည့် စည်းကမ်းချက်များ အကြောင်း၊ သင်တန်းသားတစ်ဦးစီတိုင်းက သင်တန်းအောင်မြင်စွာ ပြီးဆုံးရေးအတွက် တာ၀န်ကိုယ်စီ ရှိကြောင်း နှင့် စိုက်ပျိုးရေးသင်တန်းတွင် စိတ်ဝင်တစားနှင့် သေချာစွာလေ့လာကြရန် ပြောကြားခဲ့ ပါသည်။

ဆက်လက်၍ သင်တန်းဆရာ မှ စိုက်ပျိုးရေးသင်တန်းသို့ ရောက်ရှိ လာကြသော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ တပိုင်တနိုင်စိုက်ပျိုးနည်းဖြစ်ပြီး မိမိကိုယ်ကို ရပ်တည်နိုင်မည့် လုပ်ငန်း ဖြစ်ကြောင်း၊ ယခု ‌သင်တန်းသားများ၏ အောင်မြင်မှုသည် နောက်လူများအတွက် အခွင့်အရေး ဖြစ်ကြောင်း ၊ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်းမှာလည်း သင်တန်းသားအချင်းချင်း ရိုင်းပင်းကူညီစိတ်ဖြင့် တစ်ဦးနှင့် တစ်ဦးကူညီကြရန်လိုအပ်ကြောင်း၊ သင်တန်းတက်ရောက်နေစဉ် အတွင်း သင်တန်းစည်းကမ်းများ လိုက်နာပေးကြရန်နှင့် သင်တန်းကာလအတွင်း မိမိတို့ လုံခြုံရေးနှင့် ကိုယ်ပိုင်ပစ္စည်းများကို သေချာသိမ်းဆည်ကြရန်လိုအပ်ကြောင်း စသည်ဖြင့် အမှာစကား ပြောကြားခဲ့ သည်။

ထို့ပြင် အလုပ်အကိုင်ရှာဖွေပေးရေးတာဝန်ခံမှ သင်တန်းပြီးဆုံးပြီးနောက် မိမိတို့ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 မှ အလုပ်အကိုင် အခွင့်အလမ်းများကို ချိတ်ဆက် ဆက်သွယ်ပေးကြောင်း ပြောကြားပေးခဲ့ပါသည်။ ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနား အစီအစဉ် အား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!