အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (11)သင်တန်းပိတ်ပွဲ အခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၁) ပိတ်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့၊ ညနေ (၃) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၅) ဦး နှင့် အမျိုးသား သင်တန်းသား (၈) ဦး စုစုပေါင်း (၁၃) ဦးတို့ သင်တန်းပြီးဆင်းခဲ့ကြသည်။ ဦးစွာပထမ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 ဒေါက်တာစန်းအောင်မှ သင်တန်းသား/သူများ သင်တန်း ဆင်းပြီးနောက် စိုက်ပျိုးရေးဖြင့် အလုပ်အကိုင် လုပ်နိုင်ကြဖို့်သင်တန်းဖွင့်သင်ကြားခြင်းဖြစ်လည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင် ရရှိအောင် စွမ်းဆောင်ရည် မြှင့်တင်ပေးသော သင်တန်းမျိုးလည်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် စပ်ဆိုင်သော လုပ်ငန်းခွင်များတွင်လည်း ဆက်စပ်၍ ကိုယ်တိုင် စိုက်ပျိုးရပ်တည်နိုင်အောင်လည်း ကြိုးစားသင့်ကြောင်း၊ အလုပ်ကိုင် အခွင့်အလမ်းများ ရရှိစေရန် အတွက်လည်း နယူးမြန်မာ ဖောင်ဒေးရှင်းအနေဖြင့်လည်း ဖော်ဆောင်ပေးနိုင်ဖို့ ကြိုးစား၍ ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

သင်တန်းတာဝန်ခံဒေါ်ခင်လှဌေးမှ သင်တန်း၏ ရည်ရွယ်လိုရင်းဖြစ်သော စိုက်ပျိုးခြင်း စနစ်များကို ကိုယ်တိုင် စိုက်ပျိုးသိရှိပြီး မိမိတို့ စိတ်ဝင်စားသော စိုက်ပျိုးသီးနှံများ စိုက်ပျိုး၍ လုပ်ဆောင်နိုင်ကြပါစေကြောင်း နှင့် သင်တန်းသား/သူများအား ချီးကျူးစကားများဆိုကာ ကျေးဇူးတင်စကားများပြောခဲ့ပါသည်။

ဆက်လက်၍ သင်တန်းဆရာ မှ သင်တန်းသား/သူများ မိမိနှင့် အတူ အပင်ပန်းခံ စိတ်ဝင်တစား လိုက်ပါ သင်ကြား လုပ်ဆောင်ခြင်းကြောင့် များစွာ ဝမ်းသာကြောင်း နှင့် နောက်နောင်လည်း စိုက်ပျိုးရေးနှင့် ပတ်သက်၍ လေ့လာလိုပါကလည်း ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း စသဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသူ၊သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြပါသည်။ သင်တန်းသူ၊သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

အခမဲ့ အခြေခံစိုက်ပျိုးရေးသင်တန်း အပတ်စဉ် – (၁၁) သင်တန်းတွင် စိုက်ပျိုးရေးနည်းပညာသာမက မိမိတို့ ကိုယ်တိုင်စိုက်ပျိုးမှုမှ ရရှိလာသော အသီးအနှံများကို ထိုင်းနိုင်ငံ မဲဆောက်အတွင်းရှိ အခက်အခဲ ရှိလျက်ရှိသော မိသားစုများ နှင့် 𝘾𝒐𝙢𝒎𝙪𝒏𝙞𝒕𝙮 အားဖြန့်ဝေနိုင်ခဲ့ကြပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!