နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲအခမ်းအနား

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၅) ဦး နှင့် အမျိုးသား သင်တန်းသား (၈) ဦး စုစုပေါင်း (၁၃) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။

ဦးစွာပထမ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗙𝗶𝗲𝗹𝗱 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗼𝗿 မသိင်္ဂီမှ စိုက်ပျိုးရေးသင်တန်းသည် အပတ်စဉ် (၁၁) ဖြစ်ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အခက်ခဲရှိပြီး ရပ်တည်ရေးအတွက်ခက်ခဲနေသည့် မြန်မာပြည်သူများ မိမိကိုယ်ကိုရပ်တည်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၃၀) ရက်အတွင်း စည်းကမ်းများကို လေးစားလိုက်နာရန်၊ သင်တန်းကာလအတွင်း မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန်နှင့် အမျိုးသားမှာအမျိုးသမီးများအားကာကွယ်စောင့်ရှောက်ရန်၊ ဘေးပါတ်၀န်းကျင်ကို အနှောက်အယှက်မပေးရန်၊ထိုင်းနိုင်ငံမှ နှင့် ထိုင်းဥပဒေကိုလေ့လာခြင်းဖြင့် မိမိကိုယ်ကို ကြိုတင်ကာကွယ်ရန်၊ မိမိတို့အစွမ်းအစဖြင့် ရပ်တည်နိင်ပြီး တခြားခက်ခဲနေသူများကိုလည်း ပြန်လည်ကူညီပေးရန်တို့အား ပြောကြားခဲ့ပါသည်။

သင်တန်းတာဝန်ခံ ဒေါ်ခင်လှဌေးမှ သင်တန်းကာလအတွင်းညီအကို မောင်နှမစိတ်ဓာတ် မိသားစုစိတ်ဓါတ်ဖြင့် ဝိုင်း၀န်းလုပ်ဆောင်ပေးကျပါရန်၊ လက်တွေ့လုပ်ဆောင်ရာများနှင့် အခက်အခဲများကို သင်တန်းဆရာနဲ့ မိမိကို အချိန်မရွှေးဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်းမှချမှတ်ထားသော စည်းကမ်းများအား လေးစားလိုက်လိုက်နာရန်နှင့် ထပ်မံ ဖြည့်စွက်အနေဖြင့် ခွင့်မဲ့ပျက်ကွက် ခြင်းနှင့်ပါတ်သက်သည့် စည်းကမ်းချက် များအကြောင်း၊ သင်တန်းသားတစ်ဦး စီတိုင်းက သင်တန်းအောင်မြင်စွာ ပြီးဆုံးရေးအတွက် တာ၀န်ကိုယ်စီရှိကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍ သင်တန်းဆရာ မှ စိုက်ပျိုးရေးသင်တန်းသို့ ရောက်ရှိ လာကြသော သင်တန်းသူ / သား များအား ဝမ်းသာ ကြိုဆိုကြောင်း ၊ တပိုင်တနိုင်စိုက်ပျိုးနည်းဖြစ်ပြီး မိမိကိုယ်ကို ရပ်တည်နိုင်မည့် လုပ်ငန်း ဖြစ်ကြောင်း၊ထောက်ပံ‌ငွေကြောင့် မဟုတ်ဘဲ ပညာကိုအဓိကထားသင်ယူရန်နှင့် ယခု ‌သင်တန်းသားများ ၏အောင်မြင်မှုသည် နောက်လူများအတွက် အခွင့်အရေး ဖြစ်ကြောင်း အမှာစကား ပြောဆိုခဲ့သည်။ ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!