စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၄) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။

မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၄)သင်တန်းကို လာမည့် (၂၂ရက် ဇန်နဝါရီလ ) မှ (၁၈ ရက် ဖေဖော်ဝါရီလ)အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။

မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည် နှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ လူကိုယ်တိုင်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းနေရာတွင် နေထိုင်၍ဖြစ်စေ/မိမိတို့နေအိမ်မှ လာရောက်သင်တန်းတက်၍ဖြစ်စေ တက်ရောက် နိုင်ပါသည်။

ဇန်နဝါရီလ ၁၅ရက် ညနေ (၅း၃၀) နာရီအချိန် နောက်ဆုံးထား၍ သင်တန်းလျှောက်လွှာများ လျှောက်ထားရမည်ဖြစ်ပါသည်။

(သင်တန်းတက်ရောက်ရန်အရွေးချယ်ခံရသည့်သူများကိုသာ ပြန်လည်ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။)

သင်တန်းဆိုင်ရာ အကြောင်းအရာအသေးစိတ်

===========================

သင်တန်းကာလ ။ ။ ဇန်နဝါရီလ ၂၂ရက် မှ ဖေဖော်ဝါရီလ ၁၈ ရက်အထိ။ တပတ် (၆)ရက်။ (တနင်္ဂနွေ တရက်ပိတ်ပါသည်)

သင်တန်းအချိန် ။ ။ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၆နာရီအထိ။

သင်တန်းတည်နေရာ။ ။ ဟုန်ဖိုင်- မဲဆောက်မြို့။

ခေါ်ယူမည့်သင်တန်းသား/သူဦးရေ ။ ။ ၈ ဦး။ ( အမျိုးသမီးများ ဦးစားပေးရွေးချယ်မည်။)

သင်တန်းလျှောက်ထားရန် >>

https://forms.gle/9beCeJKa3SsAsiMV8

မရှင်းလင်းသည်များ၊ မေးမြန်းလိုသည်များရှိပါက

သင်တန်း တာဝန်ခံ ဖုန်းနံပါတ် 𝟎𝟔52841489၊

အီးမေးလ် khinhlahtay2022ayy@gmail.com သို့ နေ့

စဉ် တနင်္လာနေ့မှ၊ သောကြာနေ့ နံနက်(၉)နာရီမှ ညနေ (၅)နာရီအထိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မှတ်ချက်။ ။ New Myanmar Foundation မှ စိုက်ပျိုးရေးသင်တန်းများအား ၂၅ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်မှစတင်ခဲ့ရာ ယခုအခါအပတ်စဉ် (၃)ခုအား အောင်မြင်စွာသင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား/သူ (၂၄)ဦးအား မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!