ရက်စွဲ။ ။၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်
𝐉𝐚𝐩𝐚𝐧’𝐬 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞-𝐎𝐃𝐀 ၏ ပံ့ပိုးကူညီမှုဖြင့် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီးကျင်းပပြုလုပ်သော (၃၀) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၃) ဦး နှင့် အမျိုးသား သင်တန်းသား (၅) ဦး စုစုပေါင်း (၈) ဦးတို့ တက်ရောက်သင်ယူမည်ဖြစ်ပါသည်။ ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာစန်းအောင်မှ စိုက်ပျိုးရေးသင်တန်းသည် အပတ်စဉ် (၁) ဖြစ်ပြီး အခုမှစတင်ဖွင့်လှစ်သည့်အတွက် တချို့အခက်ခဲများရှိနိုင်ကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာပြည်သူ ပြည်သားများ အလုပ်အကိုင် အလွယ်တကူရရှိရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကာလ (၃၀) ရက်အတွင်း စည်းကမ်းများကို လေးစားလိုက်နာရန်၊ သင်တန်းကာလအတွင်း မိသားစုဝင်များကဲ့သို့ ပေါင်းသင်းဆက်ဆံကြရန်နှင့် သင်တန်းအားလုံး ပြီးဆုံးသည်အထိ တက်ရောက်ပေးကြရန်၊ သင်တန်းကာလ ပြီးဆုံးသွားပါက လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် ကြိုးစားရှာဖွေပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အစွမ်းအစဖြင့် ရပ်တည်နိင်ပြီး တခြားခက်ခဲနေသူများကိုလည်း ပြန်လည်ကူညီပေးရန်တို့အား ပြောကြားခဲ့ပါသည်။
သင်တန်းတာဝန်ခံ ဒေါက်တာကိုကိုလွင်မှ ယခုသင်တန်းအား 𝐉𝐚𝐩𝐚𝐧’𝐬 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞-𝐎𝐃𝐀 မှ ထောက်ပံ့ပေးထားခြင်းဖြစ်ပြီး သင်တန်းကာလအတွင်းညီအကို မောင်နှမစိတ်ဓာတ် မိသားစုစိတ်ဓါတ်ဖြင့် ဝိုင်း၀န်းလုပ်ဆောင်ပေးကျပါရန်၊ သင်တန်းဆရာမှ သင်ကြားပြသပေးသည်များကို သေချာသင်ယူပြီး၊ သင်တန်းတက်ပြီးနောက်ပိုင်း လက်တွေ့လုပ်ဆောင်ရာများတွင်လည်း သင်တန်းဆရာနဲ့ မိမိကို အချိန်မရွှေးဆက်သွယ်နိုင်ပါကြောင်း၊ မိမိတတ်မြောက်သွားသောစိုက်ပျိုးရေးပညာနှင့်ပြန်လည်လုပ်ကိုင်ပြီး ဒီမိုကရေစီအရေးအတွက်လည်း တထောင့်တနေရာမှ ပါ၀င်နိုင်စေရန် အစွမ်းကုန်ကြိုးစားပေးကျပါရန်၊မိမိတို့အစွမ်းအစဖြင့် ရပ်တည်နိင်ပြီး တခြားခက်ခဲနေသူများကိုလည်း ပြန်လည်ကူညီပေးရန်တို့အား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ သင်တန်းဆရာ မှ စိုက်ပျိုးရေးသင်တန်းသို့ ရောက်ရှိ လာကြသော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ လုပ်ကိုင်လာခဲ့ေသာ စိုက်ပျိုးရေးနဲ့ပက်သက်တဲ့ အတွေ့အကြုံများကို (၁)လအတွင်း သေချာသင်ပေးမည်ဖြစ်ကြောင်း နှင့် အစပိုင်းပြသပေးမည်ဖြစ်ပြီး နောက်တွင် အဖွဲ့များဖွဲ့ပြီး ကိုယ်တိုင်စိုက်ပျိုးရမည်ဖြစ်သောကြောင့် ပင်ပန်းပြီး အလုပ်ကိုကိုယ်တိုင်လုပ်ရမည်ဖြစ်ကြောင်း၊𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ ကူညီဆောင်ရွက်နေမှုများနှင့် မိမိတို့လိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီ တောင်းနိုင် ပါကြောင်း၊ အချင်းချင်း ဗဟုသုတ မျှဝေနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြားသော အထောက်အပံ့များ ရယူနိုင်ခွင့်များ အတွက် 𝙎𝒊𝙜𝒏𝙖𝒍 𝑮𝙧𝒐𝙪𝒑 များ ဖွဲ့ပေးထားခြင်း ဖြစ်ကြောင်း၊ လိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်း သား/သူ အချင်းချင်း သင်တန်းကာလတွင် မောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းစောင့်ရှောက်စေလိုကြောင်း၊ သင်တန်းအား ပြီးဆုံးသည်အထိ တက်ရောက်ပြီး သင်တန်းမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာ ပေးပါရန်၊ အသက်မွေးဝမ်းကြောင်း ပညာတခုအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံံ့လစိုက်ကာ ကြိုးစားသင်ယူရန် တို့ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါသည်။



