လူ့အခွင့်အရေးအစီအစဥ် – စီမံကိန်းတာဝန်ခံ (𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿) ရာထူးအတွက် လျှောက်လွှာ ခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။

New Myanmar Foundation မှ ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ လူ့အခွင့်အရေး ၅ နှစ်တာ အစီအစဥ်အား (𝐇𝐮𝐦𝐚𝐧 𝐑𝐢𝐠𝐡𝐭𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦) လုပ်ဆောင်လျက်ရှိရာ ယခုအခါစီမံကိန်းတာဝန်ခံ (𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐫) ရာထူးအတွက် လျှောက်လွှာခေါ်ယူနေပါသည်။

ရာထူး : လူ့အခွင့်အရေးစီမံကိန်း တာဝန်ခံ

လျှောက်လွှာလက်ခံမည့်ကာလ : ၅/၈/၂၀၂၅ မှ ၁၃/၈/၂၀၂၅ အထိ

နေရာ : မဲဆောက်

အလုပ်စတင်မည့်ရက် : ၂၅/၈/၂၀၂၅

အစမ်းခန့်ကာလ : ၃ လ

အစမ်းခန့်လစာ : ဘတ် ၁၂၀၀၀

ပုံမှန်လစာ : ဘတ် ၁၅၀၀၀

အစီရင်ခံရမည့်သူ : 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 (𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻)

လုပ်ဆောင်ရမည့်တာဝန်များ

========================

📌 စီမံကိန်း၏ အဓိလုပ်ငန်းများ ဖြစ်သော လူ့အခွင့်အရေးလုပ်ငန်းစဥ်များ ဖြစ်သည့် လူ့အခွင့်အရေး အသိပညာပေးခြင်း (Education)၊ မိတ်ဖက်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Networking)၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအား မှတ်တမ်းတင်ခြင်း (Documentation)၊ လူ့အခွင့်အရေး လှုပ်ရှားသူများအား အကာအကွယ်ပေးခြင်း (Protection) နှင့် လူ့အခွင့်အရေးအတွက် စည်းရုံး လှုံ့ဆော်ခြင်း (Advocay) လုပ်ငန်းများကို အောင်မြင်အောင် ကြီးကြပ်ဦးစီး လုပ်ဆောင်ပေးရပါမည်။

📌 စီမံကိန်းအကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် logic model, management framework နှင့် annual work plan တို့ကို ရေးဆွဲရမည်။

📌 စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုများနှင့် တိုးတက်အောင်မြင်မှုများကို သက်ဆိုင်ရာ အစီရင် ၏ခံစာများ (Report) ရေးသား၍ Donor များထံ ပေးပို့ရမည်။

📌 စီမံကိန်း အကောင်အထည်ဖော်ဆောင်မှု အခြေအနေ တိုးတက်မှုကို Donor များနှင့် မပြတ် ချိတ်ဆက်၍ လိုအပ်သလို ဆောင်ရွက်ရမည်။

📌 လူ့အခွင့်အရေး စီမံကိန်းနှင့် ဆက်စပ်ဆောင်ရွက်ရမည့် အဖွဲ့အစည်းများအား mapping ပြုလုပ်ပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ မိတ်ဘက်အဖွဲ့အစည်းများအား တွေ့ဆုံဆက်သွယ်၍ လူ့အခွင့်အရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို အားကောင်းလာစေရန် လုပ်ဆောင်ရမည်။

📌 စီမံကိန်း အကောင်အထည်ဖော်ဆောင်ရာတွင် ပြည်တွင်း မှ မိတ်ဖက်အဖွဲ့များ partner organization များနှင့် စီမံကိန်းလုပ်ငန်းများကို တွဲဖက်ဆောင်ရွက်ရမည်။

📌 စီမံကိန်းလုပ်ငန်းများအလိုက် သုံးစွဲမည့် စီမံကိန်းရန်ပုံငွေ လိုအပ်ချက် နှင့် ခန့်မှန်းအသုံးစရိတ် တွက်ချက် ခြင်း၊ ရန်ပုံငွေစီမံခန့်ခွဲခြင်း အပါအဝင် budget plan ရေးဆွဲခြင်းကို သက်ဆိုင်ရာ Finance Department, Organizational Development Department မှ တာဝန်ရှိသူများ နှင့် တွဲဖက်ရေးဆွဲရမည်။

📌 စီမံကိန်းလုပ်ငန်းများကို လျာထားသည့် ပြီးမြောက်မှု (target) နှင့် အချိန်ကာလ (timeline) အတွင်း အချိန်မီ ပြီးမြောက်စေရန် Program Team ကို ကြီးကြပ် ညွန်ကြား ဦးဆောင်ရမည်။

📌 မဲဆောက်တွင် ရုံးတက် အလုပ်လုပ်နိုင်ပြီး စီမံကိန်းတစ်ခုလုံးကို အောင်မြင် အဆင်ပြေ ချောမွေ့စွာ အကောင်အထည်ဖော်၍ အနည်းဆုံး (၁) နှစ် တာဝန်ယူ လုပ်ဆောင်နိုင်ရမည်။

📌 စီမံကိန်းများလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကျား/မ တန်းတူညီမျှရေး ဆိုင်ရာ အခြေခံ သဘောတရား များကို ထည့်သွင်း စဉ်းစား အကောင်အထည်ဖော်ဆောင်ရမည်။

လိုအပ်ပါက စီမံကိန်းအဆိုပြုလွှာ (Proposal) အသစ်များ ရေးဆွဲတင်ပြနိုင်ရမည်။

အတွေ့အကြုံလိုအပ်ချက်

===================

📌 လူ့အခွင့်အရေးလုပ်ငန်းစဥ်များ ဖြစ်သည့် လူ့အခွင့်အရေး အသိပညာပေးခြင်း (Education)၊ မိတ်ဖက်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Networking)၊ လူ့အခွင့်အရေး ချိုးဖောက်မှုများအား မှတ်တမ်းတင်ခြင်း (Documentation)၊ လူ့အခွင့်အရေး လှုပ်ရှားသူများအား အကာအကွယ်ပေးခြင်း (Protection) နှင့် လူ့အခွင့်အရေးအတွက် စည်းရုံးလှုံ့ဆော်ခြင်း (Advocay) လုပ်ငန်းနယ်ပယ်များတွင် အနည်းဆုံး (၁) နှစ် အတွေ့အကြုံရှိရပါမည်။

📌 အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုခုတွင် စီမံကိန်းတာဝန်ခံအဖြစ် အနည်းဆုံး (၁) နှစ်လုပ်ကိုင်ဖူးရမည်။

📌 International Human Rights Principles and Mechanisms အကြောင်းအရာများကို ထဲထဲဝင်ဝင် သိရှိနားလည်ပြီး၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနောက်ခံ သမိုင်းကြောaင်းများ/ ဖြစ်စဥ်များကိုလည်း သိရှိနားလည်ရပါမည်။

📌 အရပ်ဘက်အဖွဲ့အစည်းများ၊ Volunteers များနှင့် အနည်းဆုံး (၁) နှစ် လက်တွဲလုပ်ကိုင်ဖူးရမည်။

📌 Project Proposal နှင့် Report များ ကိုယ်တိုင်ရေးသားတင်သွင်းသော အတွေ့အကြုံရှိရမည်။

လိုအပ်သောကျွမ်းကျင်မှုများ

=======================

📌 အနည်းဆုံး ဘွဲ့တစ်ခုခုရရှိထားရပါမည်။

📌 MS Office, Google Drive, social media အစရှိသော Computer နှင့် IT Skills များ ရှိရမည်။

📌 Interpersonal, Intercultural, Networking နှင့် Communication Skills များ ကောင်းမွန်ရမည်။

📌 မြန်မာ၊ အင်္ဂလိပ် ဘာသာနှစ်မျိုးလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်ရမည်။

လျှောက်လွှာတင်ရန်

+++++++++++++++

📌 𝐂𝐨𝐯𝐞𝐫 𝐥𝐞𝐭𝐭𝐞𝐫 နှင့် 𝐂𝐕 𝐟𝐨𝐫𝐦 ကို 𝐄𝐦𝐚𝐢𝐥: contact@newmyanmarfoundation.org သို့

၁၃ရက်၊ ဩဂုတ်လ ၂၀၂၅ ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထားပေးပို့ပါရန်။

📌 CV form တွင် နှစ်အလိုက် ပြည့်စုံစွာဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ လူ့အခွင့်အရေး လုပ်ငန်းစဉ် အတွေ့အကြုံ၊ လက်တွဲလုပ်ကိုင်ခဲ့သော အဖွဲ့အစည်းများနှင့် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရန် email ၊ ဖုန်းနံပါတ်နှင့် Signal နံပါတ်များကို ထည့်သွင်းပေးပို့ပေးရန်။

📌 လူတွေ့အင်တာဗျူးအတွက် ရွေးချယ်ခံရသူ (Short listed applicants) များကိုသာ ပြန်လည်ဆက်သွယ် သွားမည်ဖြစ်ပါသည်။

အသေးစိတ်မေးမြန်းလိုပါက

တာ၀န်ခံ

𝐏𝐡𝐨𝐧𝐞 & 𝐒𝐢𝐠𝐧𝐚𝐥 𝐍𝐨. +𝟔𝟔 626 874 266

𝐄𝐦𝐚𝐢𝐥: contact@newmyanmarfoundation.org / newmyanmaroffice@gmail.com

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!