𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်)

မင်္ဂလာပါ။ နယူးမြန်မာဖောင်ဒေးရှင်းမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။

နယူးမြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဥ်အား ၂၀၂၅ခုနှစ် မေလမှ စတင်၍ အပတ်စဥ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့ များတွင် မနက် (၁၀နာရီမှ ညနေ ၄နာရီ) အတွင်းပြုလုပ်ပေးလျှက်ရှိနေပါသည်။

ရည်ရွယ်ချက်

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်စေရန်နှင့် အခမဲ့နှစ်သိမ့် ဆွေးနွေး ပေးနိုင်ရန် ရည်ရွယ်ပါသည်။ အခြားသော ပြည်တွင်း၊ ပြည်ပမှ မြန်မာပြည်သူများအနေဖြင့်လည်း လိုအပ်ပါက ဆက်သွယ်နိုင်ပါသည်။

အောက်ပါ စိတ်ပိုင်းဆိုင်ရာခံစားချက်များနှင့်ပြဿနာများ သို့မဟုတ် အခြားသော စိတ်ပိုင်းဆိုင်ရာအခြေအနေများ ခံစားနေရပါက အောက်ဖော်ပြပါ linkမှတဆင့် 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 ၏ 𝗙𝗿𝗲𝗲 𝗰𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝘀𝗲𝘀𝘀𝗶𝗼𝗻 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဥ်) လူကိုယ်တိုင်ဖြစ်စေ၊ online မှဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

. မိမိ၏ခံစားနေရသောစိတ်ဖိစီးမှုများကို မိမိကိုယ်တိုင်မဖြေရှင်းနိုင်တော့ခြင်း၊

· ဘေးအန္တရာယ် (crisis) တစ်ခုခုနှင့်ကြုံတွေ့ရပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ နှင့်လူမှုပတ်ဝန်းကျင်မှုပိုင်းဆိုင်ရာတွင်ပြသနာရှိနေခြင်း၊

· အနှုတ်လက္ခဏာဆောင်သောခံစားချက်များ (Negative Emotion) များနေခြင်း၊

· စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှု နှင့် စိုးရိမ်မှုများ အမြဲတစေ ခံစားနေရခြင်း၊

· မိမိကိုယ်ကိုစောင့်ရှောက်မှု(Self-Care) အားနည်းခြင်း

. အိပ်မပျော်ခြင်း၊ ဒေါသကို မထိန်းချုပ်နိုင်ခြင်း၊

နှစ်သိမ့်ဆွေးနွေးမှုခံယူလိုပါက

နေ့ရက် ။ ။အပတ်စဉ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့

အချိန် ။ ။မနက် ၁၀နာရီမှ ညနေ ၄နာရီ အတွင်း

တည်နေရာ ။ ။ မာလွေအိမ်ယာ၊ မယ်ပ၊ မဲဆောက်မြို့၊ တက်ခ်ခရိုင်တွင် လူကိုယ်တိုင်ဖြစ်စေ (သို့) online မှဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

ဆွေးနွေးမည့်သူများဘိုကင်ယူရန် 𝑳𝒊𝒏𝒌 –

https://forms.gle/tkCk18SMhGbE3JVz6

ယခင်ဆွေးနွေးဖူးဖြစ်ပါက ဘိုကင်ယူရန် 𝑳𝒊𝒏𝒌 –

https://forms.gle/iKpnc5aZ6nEDvy2XA

နှစ်သိမ့်ဆွေးနွေးမှုခံယူရန် လျှောက်ထားခြင်းနှင့်ပက်သက်၍ မေးမြန်းလိုပါက တာဝန်ခံ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal နှင့် Email များမှ တဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

တာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင် (New Myanmar Foundation)

Phone/ Signal: +66 943 846 984

Email: nmf.mhpsscounsellor@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!