အခြေခံမော်တာစက်ချုပ်သင်တန်း တက်ရောက်ရန် စိတ်ပါဝင်စားသူများအတွက် သတင်းကောင်းပါးခြင်း

နယူးမြန်မာဖောင်ဒေးရှင်းမှ ထိုင်းနိုင်ငံမဲဆောက်မြို့သို့ရွှေ့ပြောင်းနေထိုင်လျှက်ရှိကြသော မြန်မာပြည်သူ/ ပြည်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ၊ ဝင်ငွေများရရှိစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံ စက်ချုပ်မော်တာသင်တန်းများအား အခမဲ့ပေးအပ်လျှက်ရှိပြီး သင်တန်းကာလတစ်လျှောက် နေရေးထိုင်ရေးနှင့် စားသောက်စရိတ်များ စီစဉ်ဆောင်ရွက်ပေးလျှက်ရှိသည့်အပြင်၊ သင်တန်းဆင်းသွားသည့် သင်တန်းသူ/သား များအား မဲဆောက်မြို့ရှိ စက်ချုပ်အလုပ်ရုံများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် ကူညီဆောင်ရွက်ပေးလျှက် ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ယခုစက်ချုပ်သင်တန်းအား စိတ်ပါဝင်စားမှုရှိပြီး တက်ရောက်လိုပါက မိမိတို့ အမည်နှင့် ဖုန်းနံပါတ်များဖြည့်သွင်း၍ ကြိုတင်စာရင်းသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ သင်တန်းများအား လစဉ်ဆောင်ရွက်ပေးလျှက်ရှိရာ မိမိတို့အနေဖြင့် ယခုပဲ ကြိုတင်စာရင်းပေးသွင်းရန်အတွက် ယခုဖော်ပြပါ ပို့စ်၏ ပုံပါ (𝐐𝐑 𝐜𝐨𝐝𝐞) အား မိမိတို့ဖုန်းမှ စကန်ဖတ်၍ ဖောင်ဖြည့်စာရင်းသွင်း၍ဖြစ်စေ၊

𝗚𝗼𝗼𝗴𝗹𝗲 𝗳𝗼𝗿𝗺 𝗹𝗶𝗻𝗸 👇👇👇👇👇👇ကနေ့တဆင့်ဖြစ်စေ၊

https://forms.gle/ZMaUfVcoWXbaCM4W7

စက်ချုပ်သင်တန်းတာဝန်ခံ၏ဖုန်းနံပါတ် ၀၆၃၃၈၄၉၉၁၀ သို့ ရုံးချိန် (နံနက် ၉နာရီမှ ညနေ ၅နာရီ) အတွင်း တိုက်ရိုက်ဆက်သွယ်ပြီး အမည်၊ ဖုန်းနံပါတ်များပေး၍ စာရင်းပေးသွင်းနိုင်ပြီဖြစ်ပါသည်။

စာရင်းပေးသွင်းပြီးသောသူများအား သင်တန်းတာဝန်ခံမှ သင်တန်းအပတ်စဉ်များ စီစဉ်ချိန်များတွင် တစ်ဦးချင်းစီ ပြန်လည်ဆက်သွယ်၍ သင်တန်းတက်ရောက်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!