New Myanmar Foundation တွင် “အခြေခံစားနပ်ရိက္ခာ လျှောက်ထားရမည့် ပုံစံလမ်းညွှန်”

📌 New Myanmar Foundation တွင် “ပုံမှန်ရိက္ခာ” နှင့် “အရေးပေါ်ရိက္ခာ” (၂) မျိုးရှိပါသည်။

📌 “ပုံမှန်ရိက္ခာ” အတွက် ရိက္ခာရုံးဖုန်း 0659252173 သို့ လည်းကောင်း

📌 “အရေးပေါ်ရိက္ခာ” အတွက် ရိက္ခာရုံးဖုန်း 0815520516 သို့ လည်းကောင်း

ဆက်သွယ်လျှောက်ထားရမည် ဖြစ်ပါသည်။

📌 ရိက္ခာလျှောက်ထားနိုင်ရန်စံနှုန်း သတ်မှတ်ချက်များကို “ပုံမှန်ရိက္ခာအတွက် သီးသန့်ကြေငြာချက်” နှင့် “အရေး ပေါ်ရိက္ခာအတွက် သီးသန့်ကြေငြာချက်” များတွင် ဝင်ရောက်လေ့လာပြီး လျှောက်ထားပေးရန် လိုအပ်ပါကြောင်း အသိပေးအပ်ပါသည်။

📌 ရိက္ခာမည်သို့လျှောက်ရမည်ကို မသိသေးသည့် လူသစ် ဆရာ/ဆရာမများအတွက် ပူးတွဲပါ ကြေငြာချက်များအား ဝင်ရောက် လေ့လာ လျှောက်ထားနိုင်ပါသည်။

ရိက္ခာလျှောက်ထားမှုအား လက်ခံသော ရက်များမှာ ကြေငြာချက်ပါသတ်မှတ်ရက်

𝟏𝟒-𝟏𝟎-𝟐𝟎𝟐𝟓 / 𝟏𝟓-𝟏𝟎-𝟐𝟎𝟐𝟓 / 𝟏𝟔-𝟏𝟎-𝟐𝟎𝟐𝟓 / 𝟏𝟕-𝟏𝟎-𝟐𝟎𝟐𝟓 / ရက်နေ့များ ဖြစ်၍

လူသစ်ဆရာ/ဆရာမများအနေဖြင့် ရိက္ခာရုံးဖုန်း 𝟎𝟔𝟓𝟗𝟐𝟓𝟐𝟏𝟕𝟑 ဖုန်းသို့ တိုက်ရိုက်ဖုန်းဆက်၍ လျှောက်ထားပေးရန် လိုအပ်ပါကြောင်း

📌 လူသစ် ရိက္ခာလျှောက်မည့် ဆရာ/ ဆရာမတို့အနေဖြင့် ရုံးဖုန်း 0659252173 သို့ ဖုန်းဆက်ချိန် တကြိမ်တည်းနှင့် ရုံးဘက် မှ ဖုန်းဖြေဆိုနိုင်ခြင်း မရှိခဲ့ပါက (၁၅) မိနစ်ခြား၍သော်လည်းကောင်း ၊ မိနစ် (၂၀) မိနစ်ခြား၍သော် လည်းကောင်း ဆက်သွယ်ပေးပါရန် ကြိုတင်မေတ္တာရပ်ခံပါသည်။

📌 လူသစ်များ ရိက္ခာလျှောက်ထားလာလျှင် အမေး-အဖြေ အနည်းငယ်ပြုလုပ်၍ သက်ဆိုင်သည့် ဖောင်လင့်ချပေးရ သဖြင့် ဖုန်းဆက်လာလူတစ်ဦးလျှင် (၁၀) မိနစ်မှ (၁၅) မိနစ် ခန့်ကြာမြင့်ပြီး ဆရာ/ဆရာတို့ဘက်မှ ဖုန်းခေါ်ချိန်တွင် “လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ မအားသေးပါ”ဟု မြန်မာနိုင်ငံ မှ communication operator ကဲ့သို့ အကြောင်း မပြန် ဘဲ ကျွန်မတို့ ရုံးပိုင်းဘက်မှ ဖုန်းဝင်နေသော်လည်း ဖုန်းမကိုင်သကဲ့သို့ ပုံစံရှိနေပါသည်။

📌 ထိုအချိန်သည် ရိက္ခာလျှောက်ထားသူအား ဖုန်းဖြင့် အမေးအဖြေလုပ်၍ ဆောင်ရွက်နေသည့် ကာလဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ်ရှင့်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!