New Myanmar Foundation မှ ဦးစီး၍ စုပေါင်းဘုံကထိန် နှင့် နိဗ္ဗာန်ဈေး အခမ်းအနားကျင်းပပြုလုပ်ခြင်း

(၄.၁၁.၂၀၂၅) ခုနှစ် တန်ဆောင်မုန်းလပြည့်နေ (အင်္ဂါနေ့) တွင် New Myanmar Foundation မှ ဦးစီး၍ စုပေါင်းဘုံကထိန် နှင့် နိဗ္ဗာန်ဈေး အခမ်းအနားအား မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ မနက်ပိုင်း အခမ်းအနား အစီအစဉ်အရ New Myanmar Foundation နှင့် အိမ်ယာအတွင်း နေထိုင်သူမိသားစုများ မှ ပူပေါင်း လှူဒါန်းကြသော ကထိန်လှူဖွယ်ပစ္စည်းများအား ပဒေသာပင် ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် နေ့လည် ပိုင်းတွင် ဘုန်းကြီးကျောင်းသို့ လှူဖွယ် ပစ္စည်းများ ပို့ဆောင်၍ ကထိန် သင်္ကန်းကပ်လှူခြင်းနှင့် တရားနာခြင်းများပြုလုပ်ခဲ့ကြပါသည်။ ညနေပိုင်း အစီအစဉ်အရ New Myanmar Foundation နှင့် အိမ်ယာအတွင်း နေထိုင်သူမိသားစုများ မှ ပူပေါင်း၍ မြန်မာပြည် အလွမ်းပြေ နိဗ္ဗာန်ဈေး ပြုလုပ်လှူဒါန်းခြင်း၊ ပံ့သကူအလှူလုပ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် တန်ဆောင်မုန်း လပြည့်နေ့ အခမ်းအနားအား အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!