စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၄) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။

မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၁၄) သင်တန်းကို လာမည့် (၁ ရက် ဒီဇင်ဘာလ မှ ၂၇ ရက် ဒီဇင်ဘာလ)အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး ၊ ငရုတ်သီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး နှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ရာ လူကိုယ်တိုင်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းနေရာတွင် နေထိုင်၍ဖြစ်စေ/ မိမိတို့နေအိမ်မှ လာရောက် သင်တန်းတက်၍ဖြစ်စေ တက်ရောက်နိုင်ပါသည်။ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ (၅း၃၀) နာရီအချိန် နောက်ဆုံးထား၍ သင်တန်းလျှောက်လွှာများ လျှောက်ထားရမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသည့်သူများကိုသာ ပြန်လည်ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။

သင်တန်းဆိုင်ရာ အကြောင်းအရာအသေးစိတ်

သင်တန်းကာလ ။ ။ ဒီဇင်ဘာလ ၁ ရက် မှ ဒီဇင်ဘာလ ၂၇ ရက်နေ့အထိ။ တပတ် (၆)ရက်။ (တနင်္ဂနွေ တရက်ပိတ်ပါသည်)

သင်တန်းအချိန် ။ ။ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၆နာရီအထိ။

သင်တန်းတည်နေရာ ။ ။ ဟုန်ဖိုင်- မဲဆောက်မြို့။

ခေါ်ယူမည့်သင်တန်းသား/သူဦးရေ ။ ။ ၁၅ ဦး။ (အမျိုးသမီးများ ဦးစားပေးရွေးချယ်ပါမည်။)

ခံစားခွင့် ။ ။ သင်တန်းတက်ရောက်သူများအား သင်တန်းကာလအတွင်း နေထိုင်စားသောက်ရေး အတွက် စီစဉ်ပေးထားမည်ဖြစ်ပါသည်။ သင်တန်းတွင် နေထိုင်၍ တက်ရောက်မည့်သူများအတွက် အကြို/အပို့ လုပ်ဆောင်ပေးသွားမည်ဖြစ်ပါသည်။

မှတ်ချက် ။ ။ သင်တန်းဆင်းပြီးပါက အမှန်တကယ် စိုက်ပျိုးရေးအလုပ်ဖြင့် ပြန်လည်လုပ်ကိုင်မည့် သူများကိုသာ ရွေးချယ်သွားမည်ဖြစ်ပါသည်။

သင်တန်းလျှောက်ထားရန် >>

https://forms.gle/7jWuNZiohjb4CUTT6

မရှင်းလင်းသည်များ၊ မေးမြန်းလိုသည်များရှိပါက သင်တန်းတာဝန်ခံ ဖုန်းနံပါတ် 𝟎𝟔𝟱𝟮𝟴𝟰𝟭𝟰𝟴𝟵၊ အီးမေးလ် 𝗸𝗵𝗶𝗻𝗵𝗹𝗮𝗵𝘁𝗮𝘆𝟮𝟬𝟮𝟮𝗮𝘆𝘆@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺 သို့ နေ့စဉ် တနင်္လာနေ့မှ၊ သောကြာနေ့ နံနက် (၉) နာရီမှ ညနေ (၅) နာရီ အထိ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မှတ်ချက်။ ။ 𝗡𝗲𝘄 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 မှ စိုက်ပျိုးရေးသင်တန်းများအား ၂၅ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်မှစတင်ခဲ့ရာ ယခုအခါအပတ်စဉ် (၁၃)ခုအား အောင်မြင်စွာသင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား/ သူ (၁၄၂)ဦးအား မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!