






၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ TK လေးစက်ရုံအနီး၊ UNHCRရုံး အနောက်ဘက်ရှိ ခေါင်းဖြူစက်ရုံ (ခ) King Plug အထည်ချုပ်ရုံမှာ မီးလောင်မှုဖြစ်ပွါးခဲ့ရာ မြန်မာလုပ်သား(၈၀)ဦးခန့် မီးဘေးသင့်သည်ဟု စုံစမ်းသိရှိခဲ့ရပါသည်။
၎င်းနေ့တွင်ပင် ဝန်ထမ်းများမှ ပွင့်သစ်ဝေကိုယ်စား မီးဘေးသင့်ပြည်သူများ၏ နေ့လည်စာအတွက် ထမင်းဘူး (၁၀၀)ဘူးနှင့် ရေသန့်ဘူး(၁၀၈)ဘူးနှင့် ညနေစာအတွက် ထမင်းဘူး(၈၀)ဘူးနှင့် ရေသန့်ဘူး (၈၄)ဘူးကို သွားရောက်လှူဒါန်းခဲ့ပါသည်။
ထို့အပြင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း စက်ရုံမီးလောင်ရာတွင် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးသွားသော လူဦးရေ (၃၇) ဦးစာအတွက် တစ်ဦးလျှင် (၇၀၀)ဘတ်နှုန်းဖြင့် (၂၅၉၀၀)ဘတ်အား ထပ်မံလှူဒါန်းပေးခဲ့ပါသည်။
ထိုသို့လှူဒါန်းမှုများအတွက် (၃၀၀၀၀)ဘတ် ပါဝင်ကူညီလှူဒါန်းပေးခဲ့ပါသော Thai-Japan Education Development Foundation (TJEDF) နှင့် လှူဒါန်းမှုများ ဆောင်ရွက်နိုင်ရန် ကူညီပေးခဲ့ပါသော စက်ရုံပိုင်ရှင်နှင့် တာဝန်ရှိသူများအား Blossom Future (ပွင့်သစ်ဝေ) မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
Blossom Future (ပွင့်သစ်ဝေ)