စစ်ကောင်စီ၏ တရားမျှတမှုမရှိသော ရွေးကောက်ပွဲအား ဆန့်ကျင်န္ဒပြသော အနေဖြင့် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဦးစီး၍ တော်လှန်ရေးမိသားစုများနှင့်အတူ ထိုင်းနိုင်ငံ မဲဆောက်မြို့ တစ်နေရာတွင် “ရုပ်ရှင်ကြည့်ရင်း လက်ဆောင်ယူရင်း “ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တော်လှန်အနုပညာရှင်များ၏ သီချင်းများဖွင့်ခြင်း၊ ဖြစ်ရပ်မှန် ဇာတ်လမ်း များပြသခြင်း၊ တက်ရောက်လာသော ဧည့်သည်တော်များမှ ရွေးကောက်ပွဲနှင့် ပတ်သတ်သော အကြောင်းအရာများ နှင့် ရင်တွင်းခံစာချက်များအားမျှဝေခြင်း နှင့် လက်ဆောင်များပေးအပ်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာသော ဧည်သည့်တော်များအား အအေး နှင့် မုန့်များဧည့်ခံကာ နောက်ဆုံးအနေဖြင့် ကမ္ဘာမကြေဘူး သီချင်းအား သံပြိုင်သီဆို၍ စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်အားဆန့်ကျင်ကြောင်းနှင့် တော်လှန်ရေးတွင် မိမိတို့ တက်နိုင်သလောက် ပါဝင်သွားမည် ဖြစ်ကြောင်းပြောကြား၌ အခမ်းအနားအား ပိတ်သိမ်းခဲ့ပါသည်။



