
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် ။
လေးစားအပ်ပါသော မဲဆောက်ရောက် မိဘပြည်သူများခင်များ
၁။ Blossom Future (ပွင့်သစ်ဝေ)၏ အခြေခံစားနပ်ရိက္ခာ ထောက်ပံ့မှုအစီအစဉ်မှ ကျန်ရှိခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လ၊ ၃ လအတွက် ရိက္ခာထောက်ပံ့မှုများ မပြုလုပ်နိုင်ခဲ့သည့်အတွက် ပထမဦးစွာ အနူးအညွတ် တောင်းပန်အပ်ပါသည်။
၂။ ရိက္ခာ ၃ လစာ မရရှိခဲ့သည့်အတွက် မည်မျှအခက်အခဲ ကြုံတွေ့ခဲ့ရမည်ကိုလည်း ကိုယ်ချင်းစာနာကာ အထူးပင် စိတ်မကောင်း ဖြစ်ရပါသည်။
၃။ အဆိုပါကာလအတွင်း ဝန်ထမ်းများအပြောင်းအလဲရှိခဲ့ခြင်း၊ ၀န်ထမ်းများလျှော့ခဲ့ရခြင်း၊ လျှောက်ထားသူများ၏ အချက်အလက်များကို ပြန်လည်ကောက်ခံကာ အလှူရှင်ထံ တင်ပြခဲ့ရခြင်းများအပါအဝင် အခြားသော လုပ်ငန်းအဆင့်ဆင့်ကို ဝန်ထမ်းနှစ်ဦးစာအား တစ်ဦးတည်းဖြင့်သာ ဆောင်ရွက်ခဲ့ရခြင်းတို့ကြောင့်လည်း ထိုကဲ့သို့ကြန့်ကြာခဲ့မှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါသည်။ အားလုံးအတွက် ကျွန်တော်တွင် တာ၀န်ရှိပါသည်။
၄။ လျှောက်ထားသူဦးရေ များပြားသည့်အတွက် ဆက်သွယ်မေးမြန်းမှုများကို ပြန်လည်ဖြေကြားရာတွင် စောင့်ဆိုင်းရခြင်း ဖြစ်ပေါ်ခဲ့မှုများအတွက်လည်း ထပ်မံတောင်းပန်အပ်ပါသည်။
၅။ ထိုကဲ့သို့ အခက်အခဲကြန့်ကြာမှုများ ထပ်မံမဖြစ်ပွားစေရန်အတွက်လည်း အစီအစဉ်များအား ယခုအခါ ပြင်ဆင် ဆောင်ရွက်ပြီး ဖြစ်ပါသည်။
၆။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ တစ်လစာ ရိက္ခာတစ်၀က် (Half Ration) ရိက္ခာထောက်ပံ့ဖြန့်ဝေခြင်းအတွက် လူဦးရေ (၁,၉၀၃)ဦးစာ ရိက္ခာထောက်ပံ့ရန် အလှူရှင်ထံမှ အတည်ပြုချက်ရရှိထားပြီး ဖြစ်ပါသည်။ နောက်ဆက်တွဲ အသေးစိတ် အစီအစဉ်ဖြစ်သည့် ဖြန့်ဝေပေးသွားမည့် ရက်စွဲ၊ နေရာ စသည်တို့ကို အတည်ပြုပြီးပါက ရွေးချယ်ခံရသည့် ရိက္ခာ လျှောက်ထားသူများထံသို့ အသိပေးအကြောင်းကြားသွားမည် ဖြစ်ပါသည်။
၇။ ပွင့်သစ်ဝေ၏ အခြေခံစားနပ်ရိက္ခာအစီအစဉ်သည် အလှူရှင်ထံမှရရှိလာသည့် ရိက္ခာအထောက်အပံ့ကို အကူအညီ လိုအပ်နေသူများထံ ထိရောက်စွာ ရောက်ရှိစေရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားပါမည်။ ပူးပေါင်းဆောင်ရွက် ပေးကြသော မိဘပြည်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
မိဘပြည်သူများအနေဖြင့် မရှင်းလင်းသည်များ၊ မကျေလည်သည်များရှိပါကလည်း အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပြောဆိုနိုင်ပါသည် –
စန်းအောင် – ၀၈၁၀၅၂၄၉၆၆
M&E Officer – ၀၉၄၃၆၇၀၀၃၅
လေးစားစွာဖြင့်
စန်းအောင်
တာ၀န်ခံ