

Date – 30-Sep-2026
မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့်
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ပုံမှန်ရိက္ခာလျှောက်ထားမှုများကို 30-Sep-2026 မှစ၍ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။
မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ)၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/ သမီး မရှိသူများ) လျှောက်ထားနိုင်ပါသည်။ အထက်ပါ အချက်များအတွက် လိုအပ်မည့် အထောက်အထားများပြပါရန် ပန်ကြားအပ်ပါသည်။
အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။
၁။ စစ်/ရဲ နှင့် အရပ်သား CDM များ / မိသားစုဝင်များ
၂။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးအတွက် တက်ကြွလှုပ်ရှားသူများနှင့် မိသားစုဝင်များ
၃။ ၁၀-၂-၂၀၂၄ စစ်မှုထမ်းအမိန့် ပြဌာန်းပြီးနောက် မဲဆောက်သို့ ရှောင်တိမ်းလာရသည့် စစ်မှုထမ်းရှောင်မိသားစုဝင်များ
ရိက္ခာလျှောက်ထားမှုတွင် မိသားစုဝင်ငွေ မရှိသေးသူများ ၊ ချို့တဲ့သူများအတွက် ရည်ရွယ်ပါသည်။ သို့ဖြစ်ပါ၍ မိသားစုဝင်ငွေ ရှိပြီး မချို့တဲ့သူများ လျှောက်ထားရန် မလိုပါ။
အသက် ၁၉ နှစ် မှ ၄၉ နှစ် အတွင်း အမျိုးသားများအတွက် အလှူရှင်ဘတ်ဂျက်အခက်အခဲကြောင့် လျော့ချရမည်ဖြစ်၍ ရိက္ခာပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
အလှူရှင်ဘက်မှ အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် လူဦးရေ ပြန်လည်လျော့ချပေးရသည့် အခြေအနေများ ကြုံတွေ့ရပါက ရိက္ခာ လျှောက်ထားသူ အားလုံးကို ရိက္ခာပေးနိုင်မည်ဟု အာမ မခံနိုင်ကြောင်း ကြိုတင်အသိပေး ကြော်ငြာအပ်ပါသည်။
အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။
ယခု အောက်တိုဘာလ အတွင်း ရိက္ခာလျှောက်ထားရမည့် (ရက်)များ ဆက်သွယ်ရန်ဖုန်းနံပါတ်
30-Sep-2026 (ဗုဒ္ဓဟူး) မနက် ၉နာရီခွဲမှ ညနေ ၅နာရီအထိ
01-Oct-2026 ( ကြာသပတေး) မနက် ၉နာရီခွဲမှ ညနေ ၅နာရီအထိ
02-Oct-2026 (သောကြာ) မနက် ၉နာရီခွဲမှ ညနေ ၅နာရီအထိ
05-Oct-2026 ( တနင်္လာ ) မနက် ၉နာရီခွဲမှ ညနေ ၅နာရီအထိ
06-Oct-2026 (အင်္ဂါ ) မနက် ၉နာရီခွဲမှ ညနေ ၅နာရီအထိ
Phone: 0660273746 သို့ပထမဦးဆုံးဆက်သွယ်ပါရန်နှင့် လိုအပ်သည်များအမေးအဖြေပြုလုပ်ပီးပါက Signal: +66 659 252 173 တွင် Google Form link ချပေးမည်ဖြစ်ပါသည်။
ရိက္ခာလျှောက်ထားရန် သတ်မှတ်ရက်များ
ဆက်သွယ်မေးမြန်းရန်
Basic Food Program
Blossom Future (ပွင့်သစ်ဝေ)
Phone: 0660273746
Signal: +66 659 252 173