

ရက်စွဲ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
Blossom Future (ပွင့်သစ်ဝေ) သည် ၂၀၂၁ ခုနှစ်၊ မတ်လမှစတင်၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာပြည်သူများ၏ အခြေခံလိုအပ်ချက်များကို တတ်နိုင်သမျှ ကူညီဖြေရှင်းပေးနိုင်ရန်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီမှုလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိပါသည်။
လစဉ်ရိက္ခာနှင့် အရေးပေါ်ရိက္ခာထောက်ပံ့မှုများ
နေထိုင်ရေးဆိုင်ရာ အထောက်အပံ့များ
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ
စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုနှင့် ပံ့ပိုးကူညီမှုဆိုင်ရာ သင်တန်းများ
အသိပညာပေးသင်တန်းများ နှင့် စွမ်းရည်မြှင့်တင်ရေး သင်တန်းများ
အသက်မွေးဝမ်းကျောင်းသင်တန်းများ
အလုပ်အကိုင်ရှာဖွေရေးဆိုင်ရာ ပံ့ပိုးကူညီမှုများ
ဥပဒေရေးရာကာကွယ်စောင့်ရှောက်မှုနှင့် အကူအညီများ အစရှိသည့်
Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ငန်းစဉ်များနှင့် ဝန်ဆောင်မှုများအားလုံးသည် ၁၀၀% အခမဲ့ ဖြစ်ပါသည်။ မည်သည့်ဝန်ဆောင်မှုအတွက်မဆို ငွေကြေးကောက်ခံခြင်း (လုံးဝ) မရှိပါကြောင်းနှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ မရှင်းလင်းသည်များ၊ မေးမြန်းလိုသည်များရှိပါက Blossom Future (ပွင့်သစ်ဝေ) ရုံးသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။
ဆက်သွယ်မေးမြန်းရန်
ရုံးဖုန်း — +66 838 788 804 , +66 626 874 266
ရုံးဖွင့်ရက် — တနင်္လာနေ့မှ သောကြာနေ့အထိ ( မနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ
ဝန်ဆောင်မှုများနှင့်ပတ်သက်၍ မှန်ကန်သော သတင်းအချက်အလက်များ ရရှိနိုင်စေရန်နှင့် လိုအပ်နေသော မြန်မာပြည်သူများထံ အကူအညီများ ထိရောက်စွာ ရောက်ရှိနိုင်စေရန် Blossom Future (ပွင့်သစ်ဝေ) မှ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Blossom Future (ပွင့်သစ်ဝေ)