New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၆) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန်ရည်ရွယ်၍နယူးမြန်မာဖောင်ဒေးရှင်းမှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၁၃ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၇၅)အတွက် သင်တန်းသား/သူ အသစ် (၁၀)ဦး ထပ်မံခေါ်ယူ သွားမည်ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမူမရှိဘဲအမျိုးသမီးများနှင့်အမျိုးသားများ အားလုံးဝင်ရောက်လျှောက်ထားနိုင်ပါသည်။

သို့ပါ၍ယခုသင်တန်းအားစိတ်ပါဝင်စားသောလျှောက်လွှာရှင်များအနေဖြင့်သင်တန်းတက်ရောက် နိုင်ရန်‌ဇန်နဝါရီလ (၁၉) ရက်နေ့မှ ဇန်နဝါရီလ (၃၀) ရက်နေ့ထိ၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (googleform)လင့်ခ်မှတစ်ဆင့်ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်ပြီဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။

ကြိုတင်အသိပေးကြော်ငြာချက်

*********************************

• သင်တန်းလျှောက်ထားမည့်သူများသည် လျှောက်လွှာခေါ်ယူသည့် Google Form တွင် ပါရှိသော သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ပထမဦးစွာ သေချာဖတ်ရှုပြီး မိမိတို့ အနေဖြင့် လိုက်နာနိုင်မှုရှိပါက လျှောက်လွှာပါအချက်အလက်များအား သေချာစွာဖြည့်သွင်း လျှောက်ထားနိုင်ပါသည်။

• သင်တန်းတက်ရောက်နေစဉ်ကာလအတွင်းမနက်စာ၊နေလယ်စာ၊ ပြင်ဆင်ပေးမည်မဟုတ်ပါ။ စားစရိတ် အဖြစ်ထောက်ပံကြေး(၁၀၀၀)ဘတ် ကိုသာပေးအပ်သွားမည်ဖြစ်သည်။

• ယခု သင်တန်းသို့တက်ရောက်မည့်သူများအတွက် သင်တန်းကာလအတွင်း နယူးမြန်မာ ဖောင်ဒေးရှင်းမှ နေရာထိုင်ခင်း စီစဉ်ပေး၍ စားသောက်စရိတ်များ ထောက်ပံ့သွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စက်ချုပ်အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ရှာဖွေ ပေးသွားမည်လည်းဖြစ်သည်။ သို့ပါ၍ သင်တန်းပြီးဆုံးပါက စက်ချုပ်အလုပ်ရုံးများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ (သို့) စက်ချုပ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့် သူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

လျှောက်ထားသူများထဲမှ တက်ရောက်ရန် ရွေးချယ်ခံရသူများအား ယခုသင်တန်းအပတ်စဉ်တွင် လည်းကောင်း၊ နောက်အပတ်စဉ်သစ်များတွင်လည်းကောင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

သတ်မှတ်ချက်များနှင့်ကိုက်ညီသူများကိုသာ လူတွေ့အင်တာဗျူး တက်ရောက်ပေးရန်ဆက်သွယ် သွား မည်ဖြစ်ပါသောကြောင့်သင်တန်း လျှောက်ထားလာသူများအနေဖြင့် မိမိတို့ထံဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန်လင့် Link:

https://forms.gle/ni1jzrtdYnJXJ3nX6

နယူးမြန်မာဖောင်ဒေးရှင် (New Myanmar Foundation) ၏ စက်ချုပ်သင်တန်းနှင့်ပတ်သတ်၍ ထပ်မံ သိရှိလိုသည်များရှိပါက အောက်ဖော်ပြပါဖုန်းနံပါတ်၊ Signal နှင့် Email များမှတဆင့်ရုံးချိန်(နံနက် ၉ နာရီ မှ ညနေ ၅း၀၀) အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

စက်ချုပ်သင်တန်းတာဝန်ခံ

မဝိုင်းဝိုင်း

Phone: +66 633849910

Signal: +66 633849910

Email: sewingmachinetraining.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!