ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် Blossom Future (ပွင့်သစ်ဝေ) နှင့် Church World Service (CWS) တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်ပရပ်ကွက်၊ မြူနီစပယ် ဧရိယာရှိ ရွှေ့ပြောင်းမြန်မာအမျိုးသမီး (၁၆၄) ဦး၊ ရွှေ့ပြောင်းမြန်မာကျောင်းများ ဖြစ်သော ပါရမီကျောင်း” ရှိ ကျောင်းသူနှင့်ဆရာမ (၈၀) ဦး၊ ” Light School” ကျောင်း ရှိကျောင်းသူနှင့် ဆရာမ (၂၀) ဦး၊ ဆာမူထောကျောင်းရှိ ကျောင်းသူနှင့်ဆရာမ (၁၆) ဦးအတွက် လိုအပ်သော အမျိုးသမီး တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ (Female Hygiene Kits)ကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိ သူများထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
လှူဒါန်းခဲ့သည့်ပစ္စည်းများမှာ_ လူတစ်ဦးစာလျှင်
• လစဉ်သုံးဂွမ်းကတ် (Sanitary Pads) – ၅၂ ခု (၄ ထုပ် × ၁၃ ခု)
• ရေချိုးဆပ်ပြာ (Shower Soap) – ၄ တုံး (တစ်တုံးလျှင် ၆၀ ဂရမ်)
• အဝတ်လျှော်ဆပ်ပြာမှုန့် (Detergent) – ၁ ထုပ် (၇၅၀ ဂရမ်)
• သွားတိုက်ဆေး (Toothpaste) – ၁ ဗူး (၁၀၀ ဂရမ်) တို့ ပါဝင်ပါသည်။
ယခုလှူဒါန်းမှုသည် အမျိုးသမီးများ၏ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာ ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ လှူဒါန်းမှုအတွက် ပူးပေါင်း ကူညီပေးခဲ့ကြသော ကျောင်းတာဝန်ရှိသူများနှင့် ပါဝင်အားဖြည့် ပေးခဲ့ကြသူများအားလုံးကို Blossom Future (ပွင့်သစ်ဝေ) မှ အထူးကျေးဇူးတင်ရှိပါသည်။




