ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့တွင် Blossom Future (ပွင့်သစ်ဝေ) နှင့် Church World Service (CWS) တို့ ပူးပေါင်း၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာကျောင်းများ ဖြစ်သော ဆာသုလေကျောင်း” ရှိ ကျောင်းသူနှင့်ဆရာမ (၄၆) ဦး၊ ” SAW” ကျောင်း ရှိကျောင်းသူနှင့် ဆရာမ (၃၀) ဦး၊ သွေးသစ်ကျောင်းရှိ ကျောင်းသူနှင့်ဆရာမ (၈၉) ဦးအတွက် လိုအပ်သော အမျိုးသမီး တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ (Female Hygiene Kits)ကို သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများထံသို့ သွားရောက်လှူဒါန်းခဲ့ပါသည်။
လှူဒါန်းခဲ့သည့်ပစ္စည်းများမှာ_ လူတစ်ဦးစာလျှင်
• လစဉ်သုံးဂွမ်းကတ် (Sanitary Pads) – ၅၂ ခု (၄ ထုပ် × ၁၃ ခု)
• ရေချိုးဆပ်ပြာ (Shower Soap) – ၄ တုံး (တစ်တုံးလျှင် ၆၀ ဂရမ်)
• အဝတ်လျှော်ဆပ်ပြာမှုန့် (Detergent) – ၁ ထုပ် (၇၅၀ ဂရမ်)
• သွားတိုက်ဆေး (Toothpaste) – ၁ ဗူး (၁၀၀ ဂရမ်) တို့ ပါဝင်ပါသည်။
ယခုလှူဒါန်းမှုသည် အမျိုးသမီးများ၏ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ဂုဏ်သိက္ခာကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ လှူဒါန်းမှုအတွက်ပူးပေါင်း ကူညီပေးခဲ့ကြသော ကျောင်းတာဝန်ရှိသူများနှင့် ပါဝင်အားဖြည့် ပေးခဲ့ကြသူများအားလုံးကို Blossom Future (ပွင့်သစ်ဝေ) မှ အထူးကျေးဇူးတင်ရှိပါသည်။





