ရက်စွဲ ။၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။
Blossom Future (ပွင့်သစ်ဝေ) မှ ဆောင်ရွက်လျက်ရှိသော အရေးပေါ်စားနပ်ရိက္ခာ ထောက်ပံ့ခြင်း အစီအစဉ်သည် သတ်မှတ်ထားသည့် Project ကာလ ပြီးဆုံးသွားပြီဖြစ်ပါသဖြင့် အဆိုပါအစီအစဉ်ကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ခြင်းအစီအစဉ်ကို ပြန်လည်စတင်မည့်အချိန်နှင့် လျှောက်လွှာများ လက်ခံမည့်ရက်များအား Blossom Future (ပွင့်သစ်ဝေ)၏ Facebook Page မှတစ်ဆင့် ကြိုတင်အသိပေး ကြေညာသွားမည် ဖြစ်ပါသည်။
အဆိုပါအစီအစဉ်ကာလအတွင်း လိုအပ်သူများထံ အကူအညီများ ထိရောက်စွာ ရောက်ရှိနိုင်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြသူများ၊ အလှူရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ အားလုံးကို Blossom Future (ပွင့်သစ်ဝေ)မှ အထူးကျေးဇူးတင်ရှိပါသည်။
Blossom Future (ပွင့်သစ်ဝေ)
ဆက်သွယ်မေးမြန်းရန်
Emergency Food Support Program Officer Blossom Future (ပွင့်သစ်ဝေ)
Phone: 0815520516
Signal: +66 815520516 emergencyfood@blossomfuture.org
