New Myanmar Foundation ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၇၇) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ရက်စွဲ။ ။ဖေဖော်ဝါရီလ (၂) ရက် ၊ ၂၀၂၅ ခုနှစ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသော မြန်မာပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ နယူးမြန်မာဖောင်ဒေးရှင်း မှ “အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းအပတ်စဉ် (၇၇) အတွက် သင်တန်းသား/သူ အသစ် (၁၀) ဦး ထပ်မံခေါ်ယူ သွားမည်ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမူမရှိဘဲ အမျိုးသမီးများနှင့် အမျိုးသားများအားလုံး ဝင်ရောက် လျှောက်ထားနိုင်ပါသည်။

သို့ပါ၍ ယခုသင်တန်းအား စိတ်ပါဝင်စားသော လျှောက်လွှာရှင်များ အနေဖြင့် သင်တန်းတက်ရောက်နိုင်ရန်‌ ဖေဖော်ဝါရီလ(၁၂) ရက်နေ့ ၊ ညနေ (၅) နာရီနောက်ဆုံးထား၍ ဂူဂဲလ် (googleform) လင့်ခ် မှတစ်ဆင့် ဖောင်ဖြည့်သွင်း လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း အသိပေး အပ်ပါသည်။

သင်တန်းဆိုင်ရာ အကြောင်းအရာအသေးစိတ်

သင်တန်းကာလ ။ ။ ဖေဖော်ဝါရီလ ၁၆ရက်နေ့မှ ၂၇ရက်နေ့ အထိ ။ (တနင်္ဂနွေ တရက်ပိတ်ပါသည်)

သင်တန်းအချိန် ။ ။ နေ့စဉ် နံနက် ( ၉ )နာရီမှ ညနေ ( ၅ ) နာရီအထိ။

သင်တန်းတည်နေရာ ။ ။ မယ်ပ- မဲဆောက်မြို့။

ခေါ်ယူမည့်သင်တန်းသား/သူဦးရေ ။ ။ ၁၀ ဦး ။

ကြိုတင်အသိပေးကြော်ငြာချက်

• သင်တန်းလျှောက်ထားမည့်သူများသည် လျှောက်လွှာခေါ်ယူသည့် Google Form တွင် ပါရှိသော သင်တန်းဆိုင်ရာ စည်းကမ်းချက်များအား ပထမဦးစွာ သေချာဖတ်ရှုပြီး မိမိတို့အနေ ဖြင့် လိုက်နာနိုင်မှုရှိပါက လျှောက်လွှာပါအချက်အလက်များအား သေချာစွာဖြည့်သွင်း လျှောက်ထား နိုင်ပါသည်။

• သင်တန်းတက်ရောက် နေစဉ်ကာလအတွင်း မနက်စာ၊နေလယ်စာ၊ ပြင်ဆင်ပေးမည်မဟုတ်ပါ။ စားစရိတ် အဖြစ်ထောက်ပံကြေး (၁၀၀၀) ကိုသာပေးအပ်သွားမည်ဖြစ်သည်။

• ယခု သင်တန်းသို့တက်ရောက်မည့် သူများအတွက် သင်တန်းကာလအတွင်း နယူးမြန်မာ ဖောင်ဒေးရှင်းမှ နေရာထိုင်ခင်း စီစဉ်ပေး၍ စားသောက်စရိတ်များ ထောက်ပံ့သွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စက်ချုပ်အလုပ်ရုံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ရှာဖွေ ပေးသွားမည်လည်းဖြစ်သည်။ သို့ပါ၍ သင်တန်းပြီးဆုံးပါက စက်ချုပ်အလုပ်ရုံးများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ (သို့) စက်ချုပ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုမည့်သူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

လျှောက်ထားသူများထဲမှ တက်ရောက်ရန် ရွေးချယ်ခံရသူများအား ယခုသင်တန်းအပတ်စဉ်တွင်လည်းကောင်း၊ နောက်အပတ်စဉ်သစ်များတွင်လည်းကောင်း ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

သတ်မှတ်ချက်များ နှင့် ကိုက်ညီသူများကိုသာ လူတွေ့အင်တာဗျူး တက်ရောက်ပေးရန်ဆက်သွယ် သွားမည်ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားလာသူများ အနေဖြင့် မိမိတို့ထံဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို မှန်ကန်စွာ ထည့်သွင်းပေးကြရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း လျှောက်ထားရန်လင့် Link:

https://forms.gle/ni1jzrtdYnJXJ3nX6

နယူးမြန်မာဖောင်ဒေးရှင် (New Myanmar Foundation) ၏ စက်ချုပ်သင်တန်းနှင့်ပတ်သတ်၍ ထပ်မံ သိရှိလိုသည်များ ရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal နှင့် Email များမှတဆင့် ရုံးချိန် (နံနက် ၉ နာရီ မှ ညနေ ၅း၀၀) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

လေးစားစွာဖြင့်

စက်ချုပ်သင်တန်းတာဝန်ခံ

မဝိုင်းဝိုင်း

Phone: +66 633849910

Signal: +66 633849910

Email: sewingmachinetraining.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!