တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသည့်စိတ်ပါဝင်စားသူများအတွက် ဝန်ဆောင်မှုအထောက်အပံ့လျှောက်လွှာခေါ်ယူခြင်း

မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။

Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်းပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျှက်ရှိရာ ယခုအခါ အသက်မွေးဝမ်းကြောင်း ကဏ္ဍတစ်ခုအနေ ဖြင့် အသေးစားမွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်အား ထပ်မံ၍အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ မိမိတို့နေအိမ်၊ ခြံဝင်း၊ မြေနေရာအတွင်း တနိုင်တပိုင်မွေးမြူရေးလုပ်ငန်း အသေးစားလုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင် စားသူများအနေဖြင့် ယခုထောက်ပံ့ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။

အစီအစဉ်အကြောင်းအရာ

—————————

လုပ်ငန်းစဉ်ကာလ

➡️ ၉ လ (၂၀၂၆ ခုနှစ် ဇူလိုင်လ မှ ၂၀၂၇ မတ်လအထိ)

လျှောက်ထားနိုင်သော ဧရိယာနှင့် လက်ခံမည့် အိမ်ထောင်စုအရေအတွက်

—————————————————————

➡️ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီးတဝိုက်၌ နေထိုင်သည့် မြန်မာနိုင်ငံသား အိမ်ထောင်စု (၁၀၅၅) အတွက်

(လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်သည့် ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် မဲဆောက်အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားများအတွက်သာ ထောက်ပံ့ပေးနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)

ထောက်ပံ့ပေးမည့်အမျိုးအစား

—————————–

1️⃣ ကြက်မွေးမြူရေး

📌တအိမ်ထောင်လျှင် ဒေသကြက် (၄) ကောင်နှုန်းဖြင့် (အိမ်ထောင်စု 400 အတွက် )

(သို့မဟုတ်)

2️⃣ ဆိတ်မွေးမြူရေး

📌တအိမ်ထောင်လျှင် တစ်ကောင်နှုန်းဖြင့် (အိမ်ထောင်စု 410 အတွက်)

(သို့မဟုတ်)

3️⃣ ဝက်မွေးမြူရေး

📌 တအိမ်ထောင်လျှင် တစ်ကောင်နှုန်းဖြင့် (အိမ်ထောင်စု 245 အတွက်)

အထက်ဖော်ပြပါ ထောက်ပံ့မှုအတွက် Blossom Future (ပွင့်သစ်ဝေ) မှ

⚠️ လျှောက်လွှာလျှောက်ထားလာသော မိသားစုဝင်များထဲမှ ရွေးချယ်ခံရသော မိသားစုဝင်များ၏ လုပ်ကိုင်မည့် တည်နေရာအရောက် ထောက်ပံ့မည့် မွေးမြူရေးတိရစ္ဆာန်များအား ပို့ဆောင်ပေးခြင်းနှင့် အပြီးအပိုင်ပေးအပ်ခြင်း။

⚠️ မွေမြူရေးပညာရှင်မှ အိမ်တိုင်ရာရောက် (လိုအပ်ပါက) သင်ကြားပို့သပေးခြင်း။

⚠️ မွေမြူရေးပညာရှင်ထံမှ တိရိစ္ဆာန်များ၏ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးပံ့ပို့းပေးခြင်း။

⚠️ လုပ်ငန်းလုပ်ဆောင်မည့် Project ကာလ (၉) လတာအတွင်း လစဉ်လုပ်ငန်းတိုးတက်မှုများအား လာရောက်စစ်ဆေးပေးခြင်း။

📌 သို့ပါ၍ ဖော်ပြပါအစီအစဉ်အား အမှန်တကယ်စိတ်ဝင်စားသူများအနေဖြင့် အစီအစဉ်တွင်ပါဝင်နိုင်ရန် အမြန်ဆုံးလျှောက်ထား ပါဝင်နိုင်ပြီဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။

လျှောက်ထားနိုင်ရန်နည်းလမ်းများ

+++++++++++++++++++++++

➡️ နည်းလမ်း (၁) အောက်ဖော်ပြပါ Google Form အားဖြည့်သွင်းလျှောက်ထားခြင်း

လျှောက်ထားနိုင်ရန် 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 𝗟𝗶𝗻𝗸 https://forms.gle/mc8WG253rsQbzB9H9

( သို့မဟုတ် )

➡️ နည်းလမ်း (၂) အစီအစဉ်နှင့် ပက်သက်၍ Google Form လျှောက်လွှာမဖြည့်သွင်းတတ်ခြင်း၊ မရှင်းလင်းသည်များနှင့် မေးမြန်လိုသည်များရှိပါက လုပ်ငန်းစဉ်တာဝန်ခံထံ နေ့စဉ် တနင်္လာနေ့မှ၊ သောကြာနေ့ နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း တိုက်ရိုက်ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

မှတ်ချက်။ ။ ထောက်ပံ့ပေးသည့်အရေအတွက် အကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံးလျှောက်ထားကြနိုင်ရန် ကြိုတင်အသိပေးအပ်ပါသည်။

ဆက်သွယ်ရန်

————-

☎️ တာဝန်ခံ ဖုန်းနံပါတ်/𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် –

+66635804509/ +66945595084

📧 Email – livestockpo.blossomfuture@gmail.com/ livestockapo.blosssomfuture@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!