ထိုင်းဘာသာစကားပြော အခမဲ့သင်တန်းများ အပတ်စဥ် (၂၁) အတွက် သင်တန်းသားခေါ်ယူခြင်း

Edit – ထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဉ် (၂၁) အတွက် လျှောက်ထားသူဦးရေမှာ သတ်မှတ်လက်ခံမည့် အရေ အတွက်ထက် များစွာကျော်လွန်လာသဖြင့် လျှောက်လွှာလက်ခံခြင်းအား ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ယခုအပတ်စဉ်တွင် တက်ရောက်ခွင့် မရရှိလိုက်သူများအနေဖြင့် လာမည့်လများတွင်လည်း အလားတူ ထိုင်းဘာသာစကားပြော အခမဲ့သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသဖြင့် Blossom Future ၏ Facebook Page နှင့် တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများမှ ကြေညာချက်များကို ဆက်လက်စောင့်ကြည့်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

ထိုင်းနိုင်ငံမဲဆောက်မြို့နှင့် ပတ်ဝန်းကျင်‌‌‌ဒေသများတွင် ရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) မှ အခြေခံထိုင်းဘာသာစကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင် ကြားပေးလျက် ရှိပါသည်။

ယခုအခါ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့မှစတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၂၁) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၂) လအထိကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူပြည်သားများ လျှောက်ထားနိုင်ပါသည်။ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း လူကိုယ်တိုင် (In Person) (သို့မဟုတ်) အွန်လိုင်း (𝗭𝗼𝗼𝗺 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻) စနစ်ဖြင့် တန်းခွဲများခွဲ၍ သင်ကြားပေးသွားမည်ဖြစ်ရာ မိမိတို့ အဆင်ပြေမည့် အချိန်ဇယားတစ်ခုကို ရွေးချယ်တက်ရောက်နိုင်ပါသည်။

တက်ရောက်နိုင်သော အတန်းအချိန်ဇယားများ

—————————————-

In Person Class 𝗔: တနင်္လာ ၊ ဗုဒ္ဓဟူး၊ သောကြာ ( ညနေ ၆ မှ ၈ နာရီအထိ)

In Person Class 𝗕: အင်္ဂါ ၊ ကြာသပတေး ၊စနေ ( ညနေ ၆ မှ ၈ နာရီအထိ)

Online Class A: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ( ည ၇ နာရီ မှ ၉ နာရီ)

Online Class B: အင်္ဂါ၊ ကြာသပတေး၊ တနင်္ဂနွေ ( ည ၇ နာရီ မှ ၉ နာရီ)

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့် လျှောက်ထားနိုင်မည့် Google Form ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်မှ စတင်ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။ ‌လျှောက်ထားသူဦးရေ သတ်မှတ်ထားသော ပမာဏ‌ရောက်ရှိပါက လျှောက်လွှာတင်ခွင့်အားပိတ်သိမ်းမည်ဖြစ်‌‌ပါသဖြင့် အချိန်မီ ကြိုတင်လျှောက်ထားနိုင်ပါရန် အကြံပြုအသိပေးအပ်ပါသည်။

လျှောက်ထားသူများအနက် သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်မည့် သင်တန်းသား (၈၀) ဦးအား ရွေးချယ်စိစစ်၍ တန်းခွဲတစ်ခုလျှင် (၂၀) ဦးနှုန်းဖြင့် တန်းခွဲ (၄) ခုခွဲကာ စုစုပေါင်း သင်တန်းသား/ သင်တန်းသူ (၈၀) ဦးကို လက်ခံသင်ကြားပေးသွားမည် ဖြစ်ပါ သည်။ သင်တန်းတက်ရောက်ခွင့်ရရှိသူများကိုသာ Telegram (သို့) E-mail မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းလျှောက်ထားသူများ အနေဖြင့် မိမိတို့၏ Telegram (သို့) E-mail လိပ်စာ/ ဖုန်းနံပါတ်များကို မှန်ကန်စွာထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက် – သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းမခံရသူများအား ပြန်လည်အကြောင်းကြားပေးမည် မဟုတ်ပါကြောင်း ကြိုတင်အ သိပေးအပ်ပါသည်။ ယခုအပတ်စဉ်တွင် ရွေးချယ်ခြင်းမခံရသူများအား နောက်အပတ်စဉ်များတွင် ဦးစားပေး ရွေးချယ်သွားမည် ဖြစ်ပါ သည်။

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 – ပွင့်သစ်ဝေ၏ ထိုင်းဘာသာစကား အွန်လိုင်းသင်တန်း အပတ်စဉ် (၂၁) အပေါ် စိတ်ပါဝင်စားစွာ စာရင်းပေးသွင်းကြသူများထဲမှ

● သင်တန်းကာလ (၂ လ) အစမှ အဆုံးထိ တက်ရောက်ပါမည်ဟု ကတိပြုသူများ၊

● သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာမည့်သူများ၊

● အွန်လိုင်းတန်းခွဲများတွင် ကင်မရာဖွင့်၍ စာသင်ခန်းတွင်း တက်ကြွစွာပါဝင် ဆွေးနွေးနိုင်သူများကိုသာ ဦးစားပေးရွေးချယ်ပါမည်။

လူကိုယ်တိုင် ပုံမှန်တက်ရောက်မည့်သူများအတွက် သွားလာရေးစရိတ် (Transportation Fee) နှင့် အွန်လိုင်းသင်တန်း ပုံမှန်တက်ရောက်မည့်သူများအတွက် Data Fees (Phone Bill) တို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ စုစုပေါင်း သင်တန်းအချိန်၏ ၇၅% တက်ရောက်ခဲ့သော သင်တန်းသား/သူများကိုသာ သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion) ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။ သင်တန်းပြီးဆုံးရာတွင် ပြုလုပ်မည့် ထိုင်းဘာသာစကား တတ်မြောက်မှုဆိုင်ရာ အရည်အချင်းစစ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူများကို Certificate of Competency နှင့် ဆုများ ပေးအပ်ချီးမြှင့်ပါမည်။

ထိုင်းဘာသာစကားပြောသင်တန်း

လျှောက်ထားရန်လင့်ခ် – https://docs.google.com/…/1FAIpQLSfWyX6w0…/viewform…

လေးစားစွာဖြင့်

ထိုင်းဘာသာစကားသင်တန်းတာဝန်ခံ

Phone: +66 628-168-985

Email: tpo.blossomfuture@gmail.com

Telegram Phone number: +66 628-168-985

User Name: @BFthaiprogram

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!