ယနေ့ (၂၄.၇.၂၀၂၆) ရက်နေ့တွင် Blossom Future အဖွဲ့သည် Burma Children Medical Fund ( HFA – Health for All Foundation – BCMF ) အဖွဲ့အစည်းနှင့်ပူးပေါင်း၍ Blossom Future ယာယီနေရာထိုင်ခင်းနှင့် ၎င်းအနီးတဝိုက်တွင် နေထိုင်ကြသော အသက် (၅)နှစ်အောက် ကလေးငယ်များအား မွေးရာပါနှလုံးရောဂါ ရှိ/မရှိ အခမဲ့စမ်းသပ်စစ်ဆေးပေးသည့် အစီအစဉ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
မွေးရာပါ နှလုံးရောဂါကို စောစီးစွာ စစ်ဆေးတွေ့ရှိပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ အချိန်မီရရှိနိုင်ရေးအတွက် BCMF မှ တာဝန်ရှိသူများနှင့်အတူ Blossom Future အဖွဲ့သားများက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခဲ့ကြခြင်း ဖြစ်ပါသည်။
ရင်သွေးငယ်များ၏ ကျန်းမာရေးအတွက် အစဉ်တစိုက်အလေးထား ကူညီဆောင်ရွက်ပေးပါသော Burma Children Medical Fund ( HFA – Health for All Foundation– BCMF ) အား Blossom Future မိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။





