𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) မှ မေ-ဇွန် (၂) လစာအတွက် ရိက္ခာဝေမည့်အကြောင်း သတင်းစကားပါးခြင်း

ဧပရယ်၊ မေ၊ ဇွန်၊ ဇူလိုင် သတ်မှတ်ရက်များအတွင်း ရိက္ခာလျှောက်ထားခဲ့သူ လူသစ်များအတွက် မေ-ဇွန် (၂) လစာကို ရိက္ခာပစ္စည်းများ မျှဝေပေးသွားမည်ဖြစ်ပါသည်။

(21-July-2026) အင်္ဂါနေ့တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။

Blossom Future (ပွင့်သစ်ဝေ) ၏ အိမ်လိုက်ဝေပေးသည့် အစီအစဉ်အား အောက်ဖော်ပြပါ သတ်မှတ်ထားသော (6)နေရာများအတွက်သာဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ထိုနေရာများမှအပ အခြားနေရာများသို့ ပို့ဆောင်ပေးမည့် အစီအစဉ်မရှိတော့ပါကြောင်းကို လေးနက်စွာ အသိပေးအပ်ပါသည်။

1. မယ့်ကဆာ

2. မယ်ကုလွမ်

3. ဝှေ့ကလုတ်ကျေးရွာ

4. ဝှေ့မုတ်ကျေးရွာ

5. မယ်တောင်ပိုင်

6. မယ့်ကုကင်း

ထို့ကြောင့် ရိက္ခာထုတ်ရမည့် ဆရာ/ဆရာမများထံ လျှောက်လွှာတွင် ဖြည့်သွင်းထားခဲ့သော Signal နံပါတ်များသို့ ရုံးဖုန်း 0659252173 ဖြင့် (20-July-2026) တနင်္လာနေ့တွင် အကြောင်းကြားခြင်း အစီအစဉ်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

ထို့ပြင် ရိက္ခာမျှဝေမည့် ကာလများအတွင်း ဆရာ/ဆရာမတို့၏ ဖုန်းခေါ်ဆိုမှုများ/ Signal မှ စာပို့မှုများကို အကြောင်းပြန်ကြားခြင်းများ နောက်ကျပါက နားလည်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည် ။

ဆက်သွယ်မေးမြန်းရန်

Khaing

Basic Food Program

Phone 0660273746

Signal +66 659252173

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!